iMyanmarHouse.com - Best Property Website for Myanmar
×














ပထမဆုံးတစ်ကိုယ် တော်ဖျော်ဖြေပွဲတွင် တေးသံရှင် ဘန်နီဖြိုးသည် ဖျော်ဖြေနေစဉ် ပရိသတ်အကြားလှဲချခဲ့သည်မှာ အရဲစွန့်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောသည်။

‘‘ကျွန်တော်  ဖျော်ဖြေနေတုန်းစိတ်ထဲမှာအဲဒီလိုလုပ်ချင်လာတာကြောင့် ဖြစ်ချင်ရာဖြစ်၊ အောက်ပြုတ်
ကျချင်လည်း ကျပါ စေဆိုပြီးတော့ လှဲချခဲ့တာပါ။ ဒါ ကြောင့်လည်း ပထမဆုံးလည်း ဖြစ်တဲ့ ဒီရှိုးပွဲ
ကိုတော့ ကျွန်တော့် ဘယ်တော့မှ မေ့တော့မှာ မဟုတ်ပါဘူး’’ဟု တေးသံရှင် ဘန်နီ ဖြိုးကဆိုသည်။

ဘန်နီဖြိုးတစ်ကိုယ်တော် ဖျော်ဖြေပွဲကို ကန်တော်ကြီးဥယျာဉ်၌ ဒီဇင်ဘာ ၁၄ ရက်  ညနေ ၆ နာရီတွင် ပြုလုပ်ခဲ့ပြီး ပရိသတ်အားပေးမှုများစွာရရှိခဲ့ကြောင်း လည်း ပြောသည်။
တစ်ကိုယ်တော်ဖျော်ဖြေပွဲ များကို  ဆက်တိုက်လုပ်သွားနိုင် အောင် ယခုပွဲမှ အင်အားများစွာ ရရှိခဲ့ကြောင်းနှင့် လူပျိုလှည့်တေး ဒီဗီဒီအခွေကို  ချစ်သူများနေ့ မတိုင်မီ  ပရိသတ်လက်ထဲသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း လည်း တေးသံရှင် ဘန်နီဖြိုးက ဆိုသည်။
 
Credit : 7Day Daily 
 
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top