iMyanmarHouse.com - Best Property Website for Myanmar
×




ဒေါက်မြင့် ဖိနပ်စီးခြင်းဟာ ကျန်းမာရေးကို ထိခိုက်နိုင် တယ်လို့ ဆိုထား ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါက်မြင့် ဖိနပ်က ခြေထောက် အရိုး အဆစ်တွေကို ဒုက္ခပေးနိုင် တာကြောင့် ဖြစ်ပါတယ်။

 ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ မိတ်ဆက် ပြသခဲ့တဲ့ ဒေါက်မြင့် ဖိနပ် ကိုတော့ ဘယ်သူမှ စီးဖို့ ဆန္ဒရှိမှာမှာ မဟုတ်ပါဘူး။ မိတ်ဆက် ပြသခဲ့တဲ့ ဒေါက်မြင့် ဖိနပ်ဟာ စီးချင်စရာ မရှိအောင် ဒီဇိုင်းက ဆိုးရွားလွန်းနေ တာကြောင့် ဖြစ်ပါတယ်။ တရုတ် အနုပညာရှင် Zhu Tian က ဖန်တီးထားတာ ဖြစ်ပြီး ဒေးလီးမေးလ် သတင်းစာ ကတော့  အဆိုးရွားဆုံး ဒေါက်မြင့်ဖိနပ် အဖြစ် သတ်မှတ်ခဲ့ ပါတယ်။

အသားရောင်ပုံစံ  ဒေါက်မြင့် ဖိနပ်မှာ ဆံပင် အမွေးတွေ တပ်ပြီး အလှ ဆင်ယင် ထားတာ ဖြစ်ပါတယ်။ဒီဖိနပ်ကို Babe  လို့ခေါ် ဆိုပြီး ဒေါက်မြင့်ဖိနပ် အပြင်ဘက် နေရာတွေမှာ စိတ်ရှည် လက်ရှည် ကော်တစ်မျိုးနဲ့ ဆံပင်တွေကို ကပ်ထားတာ ဖြစ်ပါတယ်။ ရုတ်တရက် ကြည့်လိုက်ရင် လူသား အမွေးတွေ ရှိနေတဲ့ ပုံစံမျိုး ဖြစ်နေပြီး ၀တ်ချင်စိတ်ရှိမှာ မဟုတ်ပါဘူး။


လူသားတွေရဲ့ လိင်ဆွဲဆောင်စိတ် မြင့်တက်လာဖို့ ဖိနပ်မှာ အမွေးတွေ တပ်ဆင် ထားခြင်း ဖြစ်တယ်လို့ Zhu Tian က ဆိုခဲ့ပါတယ်။ Zhu Tian ဟာ တရုတ်နိုင်ငံမှာ မွေးဖွားခဲ့ပေမယ့် ၂၀၀၂ မှာ ဗြိတိန်ကို ရောက်လာတာ ဖြစ်ပါတယ်။ လက်နဲ့ ဖန်တီးထားတဲ့ ရုပ်တုတွေ ကိုလည်း ဖန်တီးဖူးပြီး လက်ရှိပြုလုပ် ထားတဲ့ ဒေါက်မြင့် ဖိနပ်က ရုပ် အဆိုးဆုံး ဖြစ်ပေမယ့် အားလုံးရဲ့ စိတ်ဝင်စားမူကို ရယူနိုင်ခဲ့ ပါတယ်။

Credit: messenger 

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top