iMyanmarHouse.com - Best Property Website for Myanmar
×














ချစ်သူစုံတွဲတွေမြဲဖို့၊ အိမ်ထောင်ရေးမှာ ပျော်ရွှင်ရဖို့ဆိုတာ ဘာကုထုံး၊ ဘယ်နည်းဆိုပြီး အထူးတလည် လေ့လာနေစရာ မလိုပါဘူး။ လျှို့ဝှက်ချက်ဆိုတာထက် မှန်မှန်ကန်ကန်နေထိုင်သွား
မယ့် သူတွေအတွက်တော့ ဒါတွေလိုက်တွက်ချက်နေစရာလည်း မလိုအပ်ပါဘူး။ ဘ၀ဖြတ်သန်းပုံ နည်းနာတွေထဲက သင်ယူလေ့လာ နေထိုင်စရာအချက်လေးတွေကို သိထားရုံနဲ့တင် သင့်ရဲ့အချစ်ရေး၊ အိမ်ထောင်ရေးကို အထောက်အကူ ပြုမှာ သေချာပါတယ်။


၁။မှန်မှန်ကန်ကန်နေထိုင်ပါ။
သင်ဖြစ်ချင်တာတွေ၊ သင့်အိပ်မက်တွ၊ သင့်စိတ်ကူးတွေအားလုံးကို ပုံဖော်နိုင်ဖို့ မှန်မှန်ကန်ကန် ကြိုးစားအားထုတ်သွားပါ။ ဘယ်သူ့ရဲ့ချစ်သူရည်းစားဖြစ်နေဖြစ်နေ၊ အိမ်ထောင်ကျသွားလို့
သူ့ယောင်္ကျား၊ သူ့ဇနီး ဖြစ်သွားဖြစ်သွား သင့်ရည်မှန်းချက်ပန်းတိုင်အတွက် အမြဲကြိုးစားနေပါ။

၂။ချစ်တဲ့အကြောင်း ဖွင့်ဟဖို့ မတွန့်ဆုတ်ပါနဲ့။
ရည်းစားသက်တမ်းဘယ်လောက်ကြာကြာ၊ အိမ်ထောင်ကျသွားပြီဆိုရင်တောင် ကိုယ့်ချစ်သူကို ဘယ်လောက်ချစ်တယ်ဆိုတာ ပြောပြပါ။ ဒါဟာ နှစ်ဦးသားပိုနွေးထွေးတဲ့ ဆက်ဆံရေး တည်ဆောက်ရာလည်း ရောက်ပါတယ်။ ဒါ့အပြင် ကိုယ့်ချစ်သူကို အမှတ်တရလက်ဆောင်မွန်တွေ ၀ယ်ပေးရင်း ကျေးဇူးတင်ကြောင်း မကြာခဏပြောပေးဖို့လည်း လိုအပ်ပါတယ်။

၃။ညှိုညှိုနှိုင်းနှိုင်းနေတတ်ပါစေ။
တစ်ဦးနဲ့တစ်ဦး ကိုယ်လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကို ခွဲခြားထားပြီး လုပ်ဆောင်ရမှာ ဖြစ်
သလို တစ်ခုခု လုပ်ဆောင်တဲ့အခါ တစ်ဦးရဲ့အကြံတစ်ဦးက တောင်းခံဖို့ မမေ့ပါနဲ့။

၎။ကိုယ့်အတွက်အရေးကြီးတဲ့အရာက ဘာဆိုတာ သေချာသိပါစေ။နှစ်ဦးသား ပြသနာတက်ရတယ်
ဆိုတာ မတူညီတဲ့ လိုအပ်ချက်တွေကြောင့်ပါ။ သူဘာလိုအပ်နေတာလဲ၊ ဖြစ်ချင်နေတာလဲဆိုတာ သိထားရမှာဖြစ်သလို တွေးပေးဖို့လည်း လိုအပ်ပါတယ်။ ဒီလိုပဲ ကိုယ်တကယ်လိုအပ်နေတာက ဘာဆိုတာကိုလည်း ကိုယ့်ဘာသာကိုယ် သိအောင် ကြိုးစားပါ။

၅။ရန်ဖြစ်ရာကနေ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ ကြိုတင်တွေးပါ။
အိမ်ထောင်ကျပြီးသွားတဲ့အခါ ပြသနာတက်၊ ရန်ဖြစ်တာမျိုးတွေကတော့ လင်မယားတွေကြား ရှိတတ်ကြတာပါပဲ။ ဒီတော့ ရန်ဖြစ်နေတုန်း ဒေါသထွက်မယ်၊ ပေါက်ကွဲမယ် ဆိုပေမယ့် ဒီကနေ ဖြစ်လာမယ့် အကျိုးဆက်ကိုတော့ ထည့်မတွေးလို့ မရပါဘူး။

၆။အရိုးသားဆုံးနေထိုင်ပါ။
ကိုယ်မှားရင် မှားတာကို ပြင်ပါ။ တစ်ဖက်လူကို နာကျင်အောင် လုပ်မိရင် တောင်းပန်ပါ။ ဒါတွေကို လုပ်ဆောင်ဖို့ ၀န်မလေးသင့်ပါဘူး။ အရေးကြီးတာက ကိုယ့်ရဲ့အပြစ်အနာအဆာကို မမြင်ပဲ တစ်ဖက်လူကိုချည်း အပြစ်တွေပြောနေတာမျိုး မဖြစ်ပါစေနဲ့။

၇။အိမ်ထောင်ရေးသာယာဖို့ဆိုတဲ့ စိတ်နဲ့ ရှေ့ဆက်ပါ။
ပျော်ရွင်သာယာတဲ့ အိမ်ထောင်ရေးဆိုတာ နှစ်ဦးစလုံး အတူကြိုးစားထားကြရတာပါ။ သူ့အလိုလိုတော့ အရာအားလုံးအဆင်ပြေနေတာမျိုး မရှိပါဘူး။ ဒါ့ကြောင့် ကိုယ်ကလည်း တစ်ဖက်လူကို နားလည်စာနာပေးပါ။ အထူးသဖြင့် ငါတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးသာယာရမယ်ဆိုတဲ့ စိတ်နဲ့ ကြိုးစားပါ။

Credit : Trend

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့
သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top