iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ်တွေ အားပေးချစ်ခင်ကြတဲ့ အိန္ဒြာကျော်ဇင်ဟာ ခုဆိုရင် ဒုတိယရင်သွေးကို လွယ်ထားပြီဖြစ်ပြီး မိသားစုဘ၀လေး ပိုမိုလှပစေဖို့ သူမချစ်တဲ့ အနုပညာအလုပ်တွေကို ခဏရပ်နားထားလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အကယ်ဒမီပေးပွဲကို မဖြစ်မနေ တက်ရောက်မယ့် သူမက

“အကယ်ဒမီကတော့ နှစ်စဉ်နှစ်တိုင်း တက်ရောက်အားပေးနေကျ ပုံစံလေးနဲ့ပဲ တက်ဖြစ်မှာပါ။ အကယ်ဒမီတွက် အထူးတလည်ပြင်ဆင်ထားတာမျိုးတော့ မရှိပါဘူး။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စုံညီတဲ့ပွဲ၊ ကိုယ့်ရဲ့အနုပညာမောင်နှမတွေ ဘယ်သူပဲရရ လက်ခုပ်တီးဖို့အတွက် သွားအားပေးဖြစ်မှာပါ။ ပရိသတ်တွေကတော့ အဖြူရောင်ရဲတိုက် ဇာတ်ကားနဲ့ အူဝဲကို အကယ်ဒမီ မှန်းပေးနေကြတယ်ဆိုတာ သိရတော့ အရမ်းလဲကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အူဝဲတို့လိုပဲ နာမည်ကြီးနေတဲ့ အနုပညာရှင်တွေ နာမည်ထွက်နေတဲ့ အနုပညာရှင်တွေ အများကြီး ဆိုတော့ အကယ်ဒမီကို မှန်းမထားပါဘူး။

အကယ်ဒမီဆိုတာကလဲ နတ်ကြီးတယ်လေ။ အဲ့ဒီအတွက် မမှန်းရဲပါဘူး။ ကိုပြေတီဦးအတွက်လဲ အဲ့ဒီလိုပါပဲ။ ပရိသတ်တွေကတော့ ပြောနေကြတာပဲ။ နာမည်တွေလဲ ထွက်နေကြတာပဲ။ ဒါပေမဲ့ မမှန်းပေးရဲပါဘူး။  ပြီးတော့ ၂၀၁၃ အကယ်ဒမီကလဲ အရင်နှစ်တွေနဲ့မတူပဲ ထူးခြားတယ်။ အပြောင်းအလဲတွေလဲ အများကြီးလုပ်ထားတဲ့ နှစ်ဆိုတော့ ဒီနှစ်ပွဲက အထူးအဆန်း လုပ်ထားတယ်လို့လဲကြားတော့ အဲ့ဒီတွက်တော့ အရင်နှစ်တွေနဲ့မတူပဲ ပွဲတက်ရတဲ့ feeling လေးကတော့ ရင်ခုန်ဖို့ကောင်းမှာပါ။ နေရာကအစ တော်တော်များများ အပြောင်းအလဲလေးတွေနဲ့ဆိုတော့ ဘယ်လိုလာမလဲ ဆိုတာကိုတော့ အူဝဲတို့စောင့်ကြည့်ရဦးမှာပေါ့”တဲ့။

အကယ်ဒမီအတွက် ပွဲတက်ဝတ်စုံအကြောင်း မေးကြည့်လိုက်တော့ “၀တ်စုံကိုတော့ မသဲ Vivid က စီစဉ်ပေးမှာပါ။ နှစ်စုံစီစဉ်ထားတယ်လို့တော့ ပြောတယ်။ အရောင်တော့ အတိအကျမသိရသေးပါဘူး။” သူမက ပြောပြသွားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top