iMyanmarHouse.com - Best Property Website for Myanmar
×














တောင်ကိုရီးယား ဆယ် ကျော်သက် သရုပ်ဆောင်မင်း သား ယောဂျင်ဂူက ၎င်းသည် မကြာသေးမီက မော်တော်ဘုတ်မောင်း လိုင်စင် ရရှိခဲ့သည်ဟု MBC ရုပ်သံလိုင်း၏ Section ရုပ်သံအင်တာဗျူးတွင် ပြောကြား ခဲ့သည်။

ကေဒရာမာစတား ယော ဂျင်ဂူက တရားဝင်အရွယ် ရောက် လာလျှင် အလိုချင်ဆုံးအရာမှာ မော်တော်ယာဉ်မောင်းလိုင်စင် ဖြစ်သည်ဟု ပြောကြားသည်။
‘‘ကျွန်တော် ကားမောင်းလိုင် စင် တကယ်လုံခြုံတယ်။ ကား တွေကို တကယ်စိတ်ဝင်စား တယ်။ ပြီးတော့ ကားလည်း မောင်းကြည့်ချင်တယ်’’ ဟု ယော ဂျင်ဂူက ပြောသည်။
အသက် (၁၇) နှစ်အရွယ် ယောဂျင်ဂူသည် ကားမမောင်း တတ်သေးသော်လည်း မော်တော် ဘုတ်မောင်းတတ်သူဖြစ်သည်။

အသက် (၁၄) နှစ်ပြည့်လျှင် မော်တော်ဘုတ်မောင်းလိုင်စင် စာမေးပွဲ ဖြေဆိုနိုင်ပြီဖြစ်သည်။
ယောဂျင်းဂူသည် လာမည့် နှစ်  ဇန်န၀ါရီတွင်   ရုံတင်ပြသ မည့် Shoot My Heart ရုပ်ရှင် ဇာတ်ကား၌ မော်တော်ဘုတ် တစ်စီးကို ကိုယ်တိုင်မောင်းနှင်ခဲ့ သည်ဟုသိရသည်။
‘‘မော်တော်ဘုတ်မောင်း လိုင်စင်ရရှိဖို့ လိုအပ်တဲ့အရာတွေ အကုန်လုံး ကျွန်တော့်မှာရှိပြီးဖြစ် တဲ့အတွက် ကျွန်တော့်ဘာသာ ကျွန်တော် မော်တော်ဘုတ် မောင်းနိုင်ပါတယ်’’ ဟု ယောဂျင်ဂူက ဂုဏ်ယူဝံ့ကြွားစွာ    ပြောကြား သည်။

ယောဂျင်ဂူနှင့် လီမင်ကီတို့ ပါဝင်သရုပ်ဆောင်ထားသော Shoot My Heart ဇာတ်ကားသည် စိတ်ရောဂါကု ဆေးရုံမှ ထွက်ပြေး ရန် ကြိုးစားစဉ် သူငယ်ချင်းများ ဖြစ်သွားခဲ့သော စိတ်ရောဂါရှင် နှစ်ဦး၏ ဇာတ်လမ်းဖြစ်သည်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top