iMyanmarHouse.com - Best Property Website for Myanmar
×

 











တောင်ကိုရီးယားငွေကြယ်ပွင့်စုံတွဲဖြစ်သည့် မင်းသားလီဗြောင်ဟွန်းနှင့် မင်းသမီး လီမင်ဂျောင်း တို့သည် ရှေ့နှစ် အစောပိုင်းအထိ အမေရိကန်နိုင်ငံတွင် နေထိုင်ဖွယ်ရှိကြောင်း သတင်းများက ရေးသားကြသည်။

မင်းသား၏ အေဂျင်စီမှ ထုတ်ပြန်ရာတွင် လီဗြောင်ဟွန်းသည် ဒီဇင်ဘာလ ၆ ရက်ကတည်းက လော့စ်အိန်ဂျယ်လိစ်မြို့သို့ ထွက်ခွာ သွားပြီဖြစ်ပြီး နှစ်တစ်နှစ်ကုန်ဆုံးချိန်ဖြစ်သဖြင့် မင်းသားသည် အလုပ်များနေပြီး အမေရိကန်နှင့်ကိုရီးယားနိုင်ငံတို့ကို အသွားအပြန် လုပ်နေမည်ဟု မီဒီယာများကို ပြောခဲ့သည်။

ဇနီးသည်ဖြစ်သူကိုထားခဲ့မည်လား ၊ခေါ်သွားမည်လားသေသေချာချာမသိသေးသော်လည်း ယခုလောလောဆယ်တွင်ဇနီးမောင်နှံတို့သည် အမေရိကန်နိုင်ငံတွင်အတူတူရှိနေသည်ဟုဆိုသည်။
မင်းသမီးလီမင်ဂျောင်း၏ အေဂျင်စီကလည်း မင်းသမီးသည် ကြော်ငြာရိုက်ကူးရေးများပြီးစီးသွားပြီဖြစ်သဖြင့် အမေရိကန်နိုင်ငံသို့ခရီးထွက်နေပြီး ရှေ့နှစ်အစောပိုင်းကာလတွင်မင်းသမီးလုပ်ဆောင်မည့်
ကိစ္စများနှင့်ပတ်သက်ပြီး မသိရှိရသေးခြင်းကို ထုတ်ပြန်ခဲ့သည်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top