iMyanmarHouse.com - Best Property Website for Myanmar
×

 












ဒုတိယ ကိုယ်ဝန်ကို လွယ်ထား ရသည့် အကယ်ဒမီ အိန္ဒြာကျော်ဇင်က သမီးကြီး ဖြစ်သူ ပြေသုဒြာသည် အနုပညာသွေး ရှိနေသည့် အတွက် စိုးရိမ်မိကြောင်း၊ အနုပညာရှင် မဖြစ်စေ လိုကြောင်း ပြောသည်။

ခုကိုယ်ဝန်လေး ကတော့ သားလေးပဲ ဖြစ်ဖြစ် သမီးလေးပဲ ရရ ပေါ့နော် ပျော်တာပါပဲ။ သမီးလေး ဆိုရင်လည်း ညီအစ်မ နှစ်ယောက် အဖော်ရမယ် ပေါ့နော်၊ နှစ်ယောက် စလုံးက ကိုယ့်သားသမီး ဆိုတော့ ချစ်ရမှာ ပဲလေ။ ပြေသုဒြာလေး ကတော့ ခုကတည်းက ကိုယ့်ရဲ့ သွေးပါ နေပြီ။ အဲဒါကြောင့် သူ့ကို အနုပညာကို အရမ်း စိတ်ဝင်စား သွားမှာ၊ စိတ်ပါ သွားမှာ စိုးရိမ်တယ်။ ဘာလို့လဲ ဆိုတေ့ သူက အကြောက်အလန့်မရှိဘူး။ စတိတ် မကြောက်ဘူး၊ ကြည့်ရ တာတော့ အရမ်း ၀ါသနာပါတဲ့ ပုံပဲ။ ဒါပေမဲ့လည်း ငယ်သေးတော့ သိပ်ပြော လို့တော့ မရ သေးဘူးပေါ့နော်၊ သူကြီးလာ ရင်တော့ ကိုယ်လိုချင်တဲ့  လမ်းကြောင်းကို  ချပေးရမှာ ပေါ့ လေ။ သူက သီချင်းဆိုတာ ပိုဝါသနာပါတယ်။ သီချင်းတွေဆို ဖွင့်ခိုင်းတယ်။  အူဝဲကတော့ အနုပညာသမား   မဖြစ်စေချင်ဘူး။  ပင်ပန်းတယ်။ကိုယ်ကလည်း ဒီလောကထဲက ပဲလာတာ ဆိုတော့လေ။

 အူဝဲကတော့ သူ့ကို ဘ၀မှာ ပေါ့ပေါ့ပါးပါးလေးပဲ ဖြတ်သန်းစေချင်တယ်  ဟု အိန္ဒြာကျော်ဇင်က ပြောသည် အိန္ဒြာကျော်ဇင်သည် လက်ရှိတွင် ဇာတ်ကား များ  ရိုက်ကူးခြင်း နားထားကြောင်း၊ ကလေး မီးဖွားပြီးမှသာ  ပြန်လည် ရိုက်ကူး သွားမည် ဖြစ်ကြောင်း ပြောသည်။

Credit :The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top