iMyanmarHouse.com - Best Property Website for Myanmar
×

ဒဂုံအရှေ့မြို့နယ်၌ မိဘများ   စွန့်ပစ်ထားသောကြောင့် မျက်နှာတွင် ပုရွက်ဆိတ်ကိုက်ခံ ထားရသော မွေးကင်းစကလေး ငယ်လေးကို သားသမီးချင်းကိုယ် ချင်းစာသည့်စိတ်ဖြင့် သွားရောက် လှူဒါန်းခဲ့ကြောင်း ချံချံက ပြော သည်။

‘‘ကလေးလေးကို ပုရွက် ဆိတ်ကိုက်ထားတာမြင်တော့ ဘယ်လိုမှ စိတ်မချမ်းသာဘူး။ ချံချံတို့ဆို သမီးကို ကိုက်တောင် မ ကိုက်ရသေးဘူး  စိတ်ဆိုးနေပြီ။ ကလေးအနှီးမှာ ပုရွက်ဆိတ်မြင် တာနဲ့ ငရဲကြီးရင်ကြီးပါစေ၊ ပုရွက်ဆိတ်ကို အမှုန့်တောင်မမြင်ရ အောင်ခြေပစ်တာ’’ဟု မကြာမီက သမီးငယ်တစ်ဦးပိုင်ဆိုင်ထား သော   မိခင်ဖြစ်သူ ချံချံက  ပြော သည်။

အဆိုပါ  ကလေးငယ်၏ သတင်းကြားသည့်အချိန်က တည်းက ၎င်း၏ သူငယ်ချင်းများ ထဲမှ မိခင်လောင်းများနှင့် ကလေးမိခင်များထံမှ ကလေးပစ္စည်းများ အလှူခံထားကြောင်း ပြောသည်။

‘‘မထက်ထက်ဝင့်က ငွေလှူ တယ်။ ချံချံက ချံချံရဲ့ ကလေး ပစ္စည်းတွေ သွားလှူတာ။ သူငယ် ချင်းတွေကို အလှူခံထားတာတွေတော့ မလာသေးဘူး။ တော်ကြာ ဆေးရုံက ဆင်းသွားရင် ဘယ်ကို လိုက်လှူရမှန်းမသိမှာစိုးလို့ အ ခြေအနေတစ်ချက်လောက်သွား ကြည့်မယ်ဆိုပြီး ဒီနေ့သွားလှူ လိုက်တာ’’ဟု ဒီဇင်ဘာ ၅ ရက်က ရန်ကင်းကလေးဆေးရုံသို့ သွား ရောက်လှူဒါန်းခဲ့သည့် ချံချံက ပြောသည်။

ဒီဇင်ဘာ ၅ ရက်တွင် က လေး၏ ကျန်းမာရေးအခြေအနေ မှာ ကောင်းမွန်လျက်ရှိပြီး ကိုယ် အလေးချိန်    လေးပေါင်ကျော် ကျော်သာရှိသော်လည်း သန်သန် မာမာလေးဖြစ်ကြောင်း ၎င်းတွေ့ ခဲ့ရသည့် ကလေးငယ်အကြောင်း ကို ပြောပြသည်။ ပုရွက်ဆိတ် ကိုက်ခံထားရသည့် ကလေးငယ် ကို ရန်ကင်းကလေးဆေးရုံတွင် ဆေးကုသပေးနေခြင်းဖြစ်ပြီး ယင်းဆေးရုံက ကလေးငယ်ကို စန္ဒာစိုး ဟု အမည်ပေးထားကြောင်း ၎င်းက ပြောသည်။

မိဘများက စွန့်ပစ်ထား သည့် မွေးကင်းစကလေးကို ဒီဇင် ဘာ ၁ ရက်က ဒဂုံအရှေ့မြို့နယ် တွင် စည်ပင်သာယာဝန်ထမ်းတစ် ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကလေး ငယ်ကို စတင်တွေ့ရှိချိန်၌  ပု ရွက်ဆိတ်များ ကိုက်ထားသော ကြောင့် မျက်နှာတစ်ခုလုံး နီရဲ လျက်ရှိသည်။   ၎င်းကလေး၏ ဓာတ်ပုံနှင့် အကြောင်းအရာကို ဖေ့စ်ဘွတ်ခ်သုံးစွဲသူတစ်ဦးက ၎င်း ၏ ဖေ့စ်ဘွတ်ခ်တွင် တင်ခဲ့ရာမှ ပျံ့ နှံ့သွားခဲ့ပြီး ကလေးငယ်ကို စာနာ သနားခဲ့ကြခြင်း ဖြစ်သည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top