iMyanmarHouse.com - Best Property Website for Myanmar
×















ကိုယ်က ကုမ္ပဏီဝန်ထမ်းမို့ အ၀တ်အစားဆို ထသွားထလာ ဒီဇိုင်းမျိုးတွေ၊ ရင်ဘတ်စတစ်ကာပါတဲ့ တီရှပ်တွေ ၀တ်လို့ အဆင်မပြေဘူးဆိုရင် ကုမ္ပဏီ၊ ရုံးအနေနဲ့လည်း ၀တ်ဆင်လို့ကောင်း၊ ဘယ်တော့မှလည်း ရိုးမသွားမယ့် ဆွယ်တာအပါးသား ဒီဇိုင်းမျိုးစုံကို ရွေးချယ်ဝတ်ဆင်ဖို့ တိုက်တွန်းချင်ပါတယ်။ အရမ်းလည်းမပူ၊ ညနေဘက် ရုံးအပြန်လည်း မချမ်းအောင် ကိုယ့်ကို ကာကွယ်ပေးနိုင်တဲ့ ဆွယ်တာ အပါးသားလေးတွေအကြောင်း ပြောပြပေးပါရစေ။

၁။ဆွယ်တာအပါးလေးတွေက ဒီဇိုင်းနှစ်မျိုး ၀တ်ဆင်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။


တကယ်လို့ ကိုယ့်ဆီမှာရှိနေတဲ့ ဒီဇိုင်းဟာ ရှေ့ကွဲ မဟုတ်ဘူး ဆိုရင်တော့ ရှပ်အကျီင်္ံအပေါ်က ထပ်ဝတ်တာပဲ ဖြစ်ဖြစ်၊ တစ်ထပ်တည်းဝတ်တာပဲဖြစ်ဖြစ် ကိုယ့်စိတ်ကြိုက် ၀တ်ဆင်နိုင်တာမို့ တစ်ထည်ဝယ်ပြီး နှစ်မျိုးဝတ်လို့ရတယ်နော်။

၂။ကိုယ်နဲ့လိုက်ဖက်မယ့် ဒီဇိုင်းရွေးချယ်ပါ။


ကိုယ်က ဆွယ်တာအပါးလေးတွေကို စကတ်နဲ့ဝတ်မှာလား၊ ဘောင်းဘီရှည်နဲ့လား၊ အတိုနဲ့လားဆိုတာ ကိုယ်တိုင် ရွေးချယ်ပြီး အဆင်ပြေအောင် တွဲဝတ်လိုက်ရုံပါပဲ။ ဆွယ်တာအပါးတွေရဲ့ ထူးခြားချက်က ဘာနဲ့ တွဲဝတ်တွဲဝတ်မိုက်နေတာပါပဲ။

၃။ဝတ်နေကျ ဒီဇိုင်းတွေနဲ့ ကွဲပြားအောင် ကိုယ်ပိုင်ဒီဇိုင်း စဉ်းစားပါ။



စပို့ရှပ်တွေပေါ်မှာ ဆွယ်တာအပါးထပ်ဝတ်ရင် လိုက်ဖက်ချင်မယ် လိုက်ဖက်မှာလို့ တရားသေ တွက်မထားပါနဲ့။ စမ်းသပ်ဝတ်ကြည့်ပါ။ အဲ့ဒီဖက်ရှင်က ကိုယ်နဲ့ကျမှ မိုက်ရင်မိုက်နေမှာလေ။ ဒါ့အပြင် ဆွယ်တာအပါးနဲ့ တွဲဖက်ဝတ်မယ့် အဆင်ဒီဇိုင်းတွေကိုလည်း ရာသီဥတု၊ ကိုယ့်စိတ်ခံစားချက်တွေနဲ့ အညီပြောင်းလဲဝတ်ဆင်ကြည့်ပါ။ မိုက်မှာသေချာပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top