iMyanmarHouse.com - Best Property Website for Myanmar
×

တစ်ချို့သောသူတွေကအောင်မြင်ချင်တဲ့ လောဘတော်တော်ကြီးကြပါတယ်။ တစ်ချို့လူငယ်တွေမှာလည်းတွေ့ရပါတယ်။ ဒါကြောင့် အိပ်ချိန်မမှန် စားချိန်မမှန် ဖြစ်လာပါတယ်။ အကျိုးဆက်အနေနဲ့ ကျန်းမာရေးမကောင်းဖြစ်လာပါတယ်။ ကြိုးစားသမျှလည်း အရာမထင်ဖြစ်ရပါတော့တယ်။

ဒီတော့ အောင်မြင်မှုဆီကိုချီတက်တဲ့လမ်းမှာ ပါးနပ်ဖို့လိုပါတယ်။ အားကုန်ပြေးနေဖို့မလိုပါဘူး။ ပါးပါးနပ်နပ်နဲ့ အားကုန်ပြေးသင့်တဲ့အချိန်ပြေး နားသင့်တဲ့အချိန်နား စားသင့်တာတွေစားမှ ရေရှည်မှာရပ်တည်နိုင်ပါတယ်။ မဆင်မခြင်ကြိုးစားသူတွေဟာ များသောအားဖြင့် အောင်မြင်မှုလမ်းကြောင်း ကနေလမ်းချော်သွားတတ်ပါတယ်။ ဒါကြောင့်ကျန်းမာရေးကောင်းဖို့ဘာတွေ လုပ်မလဲ? အများကြီးဂရုမစိုက်နိုင်ရင်တောင် အောက်ပါအချက်လေးတွေတော့ လိုက်နာဖြစ်အောင်ကြိုးစားပါ။

(၁) အိပ်ချိန်မှန်ပါ။
ည၁၀နာရီမှ မနက်၎နာရီအတွင်းအိပ်ချိန်ဟာကျန်းမာရေး အတွက်အသင့်တော်ဆုံးပါ။

(၂) မနက်စာစားပါ။
မနက်စာဟာ နေ့တစ်နေ့မှာအရေးကြီးဆုံးပါပဲ။ သင့်အလုပ်မှာအရာရာအဆင်ပြေပြီး ကျန်းကျန်းမာမာနေနိုင်ဖို့အတွက် မနက်စာကိုမမေ့ပါနဲ့။

(၃) အစားစားချိန်မှန်ပါ။
အစာအိမ်ကထွက်တဲ့ Acidဟာ ဘရိတ်ဓားတစ်ချောင်းကို အရည်ပျော်စေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ဒီတော့ သင်အစားအမှန်ရင် သင့်အစာအိမ်ဘယ်လိုဖြစ်လာမလဲ ဆိုတာ ခန့်မှန်းကြည့်ပေါ့။

(၄) ကျန်းမာရေးလေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ။ အနည်းဆုံးလမ်းလျှောက်တာလောက်တော့လုပ်ပါ။ အိမ်ကနေ ကားမှတ်တိုင်ကို ဖြစ်ဖြစ်၊ (နီးရင်ပေါ့ ) လမ်းလျှောက်ပါ။

(၅) ရေမှန်မှန်ချိုးပါ။
ရေးချိုးတာက သင့်ရဲ့စိတ်ကိုလန်းဆန်းစေပါတယ်။

(၆) ကျန်းမာရေးကောင်းတဲ့အစားအစာတွေကို မကြိုက်လည်းစားပါ။
ဥပမာ မြင်းခွာရွက်လိုမျိုးပေါ့။ မျက်လုံးအားကောင်းစေပါတယ်။ ငှက်ပျောသီးဟာ လည်း ကျန်းမာစေပါတယ်။ မကြိုက်ရင်လည်း အလေ့အကျင့်လုပ်ကြည့်ပါ။ နောက်ပိုင်း စားရတာခက်ခဲတော့မှမဟုတ်ပါဘူး။

ဒီအချက်လေးတွေတော့ အနည်းဆုံးလိုက်နာကြနော်။

Credit : မိုးရှင်း (I.M.T)

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top