iMyanmarHouse.com - Best Property Website for Myanmar
×










ဂွမ်းဖတ်တွေကို ဝေးဝေးရှောင်ပါ။ နားချေးတွေ နားပေါက်ထဲ ထပ်ပြီးတွန်းဝင်သွားစေနိုင်တယ်။ အမှန်မှာတော့ နားချေးတွေရှိတာ ကောင်းမွန်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် မိမိနားစည်အတွင်းသို့ ဘက်တီးရီးယားပိုးမွားများနဲ့ အညစ်အကြေးများ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးတဲ့ ကပ်စေးကပ်စေးဖြစ်သော အကာအကွယ်ပေးတံတိုင်းတစ်ခု ဖြစ်နေလို့ပါ။

ဘယ်ကနေဖြစ်လာတာလဲ

ကွာထွက်သွားတဲ့ အရေပြားဆဲလ်များ နဲ့ အဆီတွေပါ။ ဒါပေမဲ့ အဲဒါတွေဟာ ကျန်းမာရေးအရဖြစ်လာတာပါ။ နားကို သန့်ရှင်းစေပြီး ဘက်တီးရီးယားပိုးများကို တွန်းထုတ်ပေးတယ်။

ဘယ်လို ဖယ်ထုတ်ရမှာလဲ

မဖယ်ထုတ်ရပါဘူး… အစာဝါးစားခြင်းနဲ့ အခြားသော မေးရိုးလှုပ်ရှားခြင်းများမှတဆင့် မိမိခန္ဓာကိုယ်ကနေ သဘာဝအလျောက် တွန်းထုတ်သွားပါလိမ့်မယ်။ မဖြစ်မနေသန့်ရှင်းပေးဖို့ လိုအပ်လာပြီဆိုပါက အပေါ်ယံနားရွက်ကို အဝတ်စတစ်ခုခုနဲ့ ဆပ်ပြာရေနွေးနွေးလေးဖြင့် ဆေးပေးပါ။ နားရွက်ထဲက ပစ်ခဲနေတဲ့ နားချေး ကွာထွက်လာအောင် ကလေးသုံးလိမ်းဆီ တစ်စက်နှစ်စက် ဒါမှမဟုတ် Debrox ကဲ့သို့ ပိုးသတ်ဆေး အစက်အနားငယ်ချ ပေးနိုင်ပါတယ်။

နားရွက်အပေါက်နား ဖယောင်းတိုင်ထားခြင်း၊ မီးထွန်းခြင်းများ လုံးဝ မလုပ်ရပါဘူး။ အဲဒီရဲ့ အကျိုးဆက်ရလဒ်တစ်ခုအနေနဲ့ မီးလောင်ပြီး နားစည်ကွဲသွားတာတွေ့ဖူးတယ်လို့ Seattle မှာရှိတဲ့ Swedish Neuroscience Institute က Center for Hearing and Skull Base Surgery ရဲ့ ဒါရိုက်တာ Douglas Backous က ဆိုပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top