iMyanmarHouse.com - Best Property Website for Myanmar
×









လက်ရေးကို ကြည့်ပြီး ရေးတဲ့သူရဲ့ အကြောင်း ပြောတဲ့နည်းကို “Graphology” လို့ခေါ်ပါတယ်။ ကိုယ်ရေး လိုက်တဲ့ စာ လုံးတွေက ကိုယ်ဘယ်လို လူမျိုးလဲ၊ ဘယ်လို စရိုက်မျိုး၊ စွမ်းရည်မျိုး ရှိလဲ ဆိုတာ ထင်ဟပ် နေပါတယ်။
မိမိ ဘယ်လို လက်ရေးမျိုးနဲ့ ရေးလိုက်ပါစေ ကိုယ်ရေး လိုက်တဲ့ စာ လုံးတွေရဲ့ သဘာဝ တွေက ကိုယ်ဘယ်လို လူမျိုးလဲ၊ ဘယ်လို စရိုက်မျိုး ရှိလဲ၊ ဘယ်လို စွမ်းရည်မျိုး ရှိလဲ အစရှိ သဖြင့် ကွဲပြား ခြားနားတဲ့ အ ချက်အလက်ပေါင်း ၅၀၀၀လောက်တောင် ပြောနိုင်ပါတယ်တဲ့။ ဆေးပညာ ဘက်မှာတော့ ရောဂါ ရှာဖွေ ဆန်းစစ်တဲ့ နေရာမှာ အကူအညီ နည်းပညာ တစ်ခု အနေနဲ့ သုံးကြ ပါတယ်။

Handwriting and Personality
စာလုံးအရွယ်အစား(Size)
စာလုံး အရွယ်အစားကို သုံးမျိုးခွဲ ကြည့်ကြပါစို့။ အရွယ် ကြီးကြီး၊ သာမန် အရွယ်နဲ့ အရွယ် ငယ်ငယ်လို့ သုံးမျိုး ရှိတယ် ဆိုကြပါစို့။ စာရေးရင် ကြီးမှ မြင်ရမှာ ဆိုပြီးစာလုံး ခပ်ကြီးကြီး ရေးတတ်တဲ့ သူမျိုးဟာ လူတွေပေါ်မှီခိုတတ် ပေမယ့်သွားသွားလာလာ နေတတ်ပြီးပွင့်ပွင့်လင်းလင်းလဲ ပြောဆို နေထိုင်တတ်ပါတယ်။ မကောင်းတာ ကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့် ရှိတယ်လို့ ဟန်ဆောင် တတ်တာပါပဲ။
စာရေးရင် ပုံမှန် အရွယ်အစား လောက်ပဲ ရေးတတ်တဲ့ သူတွေ ကတော့ အကောင်းဆုံး ဖြစ်ပါတယ်။ သဘာဝနဲ့ လိုက်လျော ညီထွေ ရှိတတ်တဲ့ သူ တွေလို့ ဆိုပါတယ်။
စာလုံး ခပ်သေးသေး ရေးတတ်တဲ့ သူတွေ ကတော့ ဘယ်အရာ မဆို စူးစူးစမ်းစမ်းနဲ့ အသေးစိတ် ပေမယ့် ရှက်တတ်တဲ့ စရိုက် ဒါမှမဟုတ် လူတွေနဲ့ ခပ်ခွာခွာ နေတတ်တဲ့ စရိုက် ဆိုတဲ့ မကောင်းတဲ့ အချက် လေးတော့ ရှိနေတတ် ပါတယ်။

စာလုံး အကွာအဝေး (Spacing between words)
အခု မှာတော့ နှစ်မျိုးပဲ ရှိပါတယ်။ စာလုံး ခပ်ခွာခွာ ရေးတာနဲ့ စာလုံး ခပ်ကပ်ကပ် ရေးတာ ပါပဲ။
စာရေးရင် စာလုံး တစ်လုံးနဲ့ တစ်လုံး ခွာခွာနဲ့ ရှင်းရှင်းလေး ရေးတဲ့ သူကတော့ အဝေးပြေး လမ်းမကြီးမှာ တစ်စီးထဲ စိတ်ကြိုက် မောင်းနေတဲ့ ကားလိုပါပဲ။ လွတ်လွတ် လပ်လပ် နေရတာကို ကြိုက်ပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်က လွှမ်းမိုး နေတာကို မကြိုက်ဘဲ သီးသန့် နေတတ်တဲ့ စရိုက်တွေလဲ ရှိနေတတ် ပါတယ်။
စာရေးရင် ခပ်ကျဉ်းကျဉ်းနဲ့ ရေးတတ်တဲ့ သူတွေကတော့ တစ်ယောက်တည်း မှိုင်တွေ နေတတ်တဲ့ သူတွေ မဟုတ်ပါဘူး။ အမြဲတမ်း ပတ်ဝန်းကျင်နဲ့ ထိ တွေ့ နေချင်ပြီး အမြဲ တက်ကြွ၊ ဆူဆူညံညံ နေတတ် ပါတယ်တဲ့။

Spacing between words
စာလုံးစောင်း မစောင်း (Slanting)
စာရေးရင် တချို့သော သူတွေက စောင်းရေး တတ်ပါတယ်။ ဘယ်ဘက်ကို စောင်းရေး တတ်တဲ့ သူတွေကတော့ ခပ်သိုသို သိတ်သိတ်နေ တတ်တဲ့ သူတွေ ဖြစ်ကြပြီး ဘယ်အလုပ် မဆို ရှေ့ထွက်ရတဲ့ အလုပ်ဆို မလုပ်တတ် ကြပါဘူး။ ဒါပေမယ့် အဆိုပါ ဘယ်ဘက်စောင်း ရေး တတ်တဲ့ သူဟာ ညာသန် ဖြစ်နေခဲ့ ရင်တော့ ဂွကျကျ နေထိုင် ပြောဆို တတ်တဲ့ သူတွေပါတဲ့။ ဘယ်ဘက် ပြီးတော့ ညာဘက် စောင်းကြ ပါစို့။
စာလုံးတွေကို ညာဘက် စောင်းပြီး ရေးတတ်တဲ့ သူတွေဟာ အတွေ့အကြုံသစ်၊ မိတ်ဆွေ ရောင်းရင်း သစ်တွေ အမြဲ ရှာနေတတ်တဲ့ သူတွေ ဖြစ် ပါတယ်တဲ့။ ကောင်းမွန်တဲ့ အချက်ပါပဲ။ စာလုံး တွေကို တိုင်တွေကို ဖြောင့်မတ်စွာ ရေးတတ်တဲ့ သူတွေ ကတော့ မိမိ ခံစားချက် တွေကို ချုပ် တည်း တတ်တဲ့သူ တွေဖြစ်ပြီး လက်တွေ့ကျကျ တွေးပြီး လုပ်ကိုင် တတ်တဲ့ သူတွေ ဖြစ်ပါတယ်။

စာလုံး တွေရဲ့ ပုံစံ (Shape of letters)
ဘယ်သူပဲ ဖြစ်ဖြစ် စာရေးရင် သုံးမျိုး၊ သုံးစားသော စာလုံးပုံစံကို တွေ့ဖူး ကြမှာပါ။ ခပ်ဝိုင်းဝိုင်း စာလုံး ပုံစံရယ်၊ ထောင့်ကျိုး ထောင့်ကွေး တွေနဲ့ ခပ်ချွန်ချွန် စာလုံး ပုံစံရယ်နဲ့ စာလုံး တစ်လုံးနှင့် တစ်လုံး ထိနေတဲ့ စာလုံး ပုံစံတွေပါ။
ခပ်ဝိုင်းဝိုင်း ရေးတတ်တဲ့ သူတွေ ကတော့ အနုပညာ ဗီဇ ပါလာတဲ့ သူတွေလို့ ပြောလို့ရ ပါတယ်။ တီထွင် တတ်တဲ့ ဦးနှောက်ရယ်၊ ကဗျာဆန်တဲ့ အတွေးအခေါ်တွေ ရှိတတ်ကြ ပါတယ်တဲ့။
ခပ်ချွန်ချွန် စတိုင်နဲ့ ရေးတတ်တဲ့ သူတွေ ကတော့ စိတ်ဆတ်ပြီး အရာရာကို အလေးထား သံသယ ရှိတတ်တဲ့ ဗီဇရှိ တတ်ပေမယ့် အရမ်းတော်တဲ့ သူတွေ ဖြစ်နေတတ် ပါတယ်။
စာလုံးဆက်တွေ ရေးတတ်တဲ့ သူတွေကတော့ စနစ်တကျနဲ့ ဆုံးဖြတ်ချက် တွေကို သေသေချာချာနဲ့ မှန်မှန်ကန်ကန် ပြု လုပ်တတ်တဲ့ သူတွေ ဖြစ်ပါတယ်တဲ့။

စာပိုဒ်အနေအထား (Page margins)
စာရေးတဲ့အခါ ဘယ်ဘက်ကို ခွာပြီး ရေးတတ်သူ တွေဟာ အတိတ်မှာ နေတဲ့သူ တွေဖြစ်ပြီး ညာဘက်ကို ခွာပြီး ရေးတတ်တဲ့ သူတွေ ကတော့ ဘာကိုကြောက် နေမှန်း မသိလောက်အောင် အနာဂတ်ကို စိုးရိမ်နေ တတ်သူတွေ ဖြစ်ပါတယ်။
ပုံမှန်အတိုင်း စာမျက်နှာ အပြည့် ရေးတတ်သူ တွေကတော့ လက်ရှိ ကိုပဲ စူးစူး စိုက်စိုက် ရှိသူတွေပါတဲ့။

ဖိအား (Pressure)
စာရေးရင် ဖိရေးတတ်တဲ့ သူတွေဟာ ကိစ္စတိုင်းကို အလေးပေး လုပ်တတ် ပါတယ်။ အမြဲ တက်ကြွ နေတတ်ပြီး ဝေဖန်မှု တွေကို ချက်ချင်းလို တုံ့ပြန် တတ်တဲ့ ဓလေ့ ရှိပါတယ်။
ခပ်ဖော့ဖော့ ရေးတတ်သူ တွေဟာ သူတစ်ပါး ခံစားချက် တွေကို အလွယ်တကူ သတိပြု တတ်သူတွေ ဖြစ် ပေမယ့် အမြဲ ထိုင်းမှိုင်း နေတတ် ပါတယ်တဲ့။

Lower case cursive ‘s’
အမြန် (Speed)
စာရေးရင် ခပ်မြန်မြန် ရေးတတ်တဲ့ သူတွေဟာ အရာရာကို စိတ်မရှည် သလို စောင့်နေ ရတာ ကိုလည်း ကြိုက်နှစ်သက် သူတွေ မဟုတ်ပါဘူး။
အေးအေးဆေးဆေး စာရေး တတ်သူ တွေကတော့ ကိုယ့်ကို ကိုယ်သာ အားကိုး တတ်ပြီး လက်တွေ့ကျကျနဲ့ စုစုစည်းစည်း လုပ်ဆောင်တတ် သူ တွေပါတဲ့။

လက်မှတ် (Signature)
လက်မှတ် မှာလည်း ဖြစ်သလို ထိုးတတ်တဲ့ သူတွေဟာ လျှို့ဝှက်ချက် များသူတွေ ဖြစ်လေ့ရှိပြီး လှလှပပ ကျော့ကျော့မော့မော့ ထိုးတတ်တဲ့ သူတွေ ကတော့ ယုံကြည်မှု ရှိတာ အမြဲ ပေါ်လွင် နေတတ်သူ တွေပါတဲ့။

လက်ရေးကို ဖတ်ပြီး လူတွေရဲ့ စရိုက်ကို အကြမ်းဖျဉ်းပြောတဲ့နည်းကို
မိတ်ဆွေ များအပေါ် အ ပျော်သဘော အနေနဲ့ စမ်းသပ် ကြည့်နိုင်ပါတယ်
ဒါပေမယ့် အတည်တော့ မယူကြပါနဲ့။ တစ်ခါတစ်လေမှာ အတွင်းစိတ်နဲ့ အပြင် သဘာဝဟာ တစ် ခြားစီ ဖြစ်နေတဲ့ သူတွေလည်း ရှိကြလို့ ပါ။

Credit : ငြိမ်းလဲ့

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top