iMyanmarHouse.com - Best Property Website for Myanmar
×










ကိုယ့်ခင်ပွန်း ခြေလှမ်းမမှန်တော့တာ သတိထားမိပေမယ့် လက်ညှိုးနဲ့တပ်အပ်ထိုးပြီး အသေအချာဆိုတော့လည်း မပြောနိုင်၊ မဟုတ်ပဲလည်း ရိုးစွပ် သလို ဖြစ်မှာစိုးတဲ့ အိမ်ထောင်ရှင်မတွေ အများကြီးရှိကြပါတယ်။ မဟုတ်ပဲနဲ့ ကိုယ့်ခင်ပွန်းပေါ် နဝေတိမ်တောင်ဖြစ်နေတော့လည်း ကိုယ့်အိမ်ထောင်ရေးမှာ အဆင်မပြေမှုတွေ ကြုံရမှာ။

သတိထားသင့်တာလေးတွေ သိထားရအောင် Stephany Alexandar ရေးသားထားတဲ့ The Cheat Sheet ကို တင်ဆက်လိုက်ပါတယ်။

1) သူ အကြောင်းတစုံတရာမရှိပဲ ပုံမှန်ထက် ပိုရှိုးထုတ်နေလား၊ ရေမွှေးတွေ အများကြီး ဆွတ်နေပြီလား? အရင်ဆို တစ်ရက်တစ်ခါလောက်ပဲ ရေချိုးတတ်တဲ့သူက အပြင်သွားမယ်ဆိုတိုင် ရေချိုးချိုးနေရင် စ သတိဝင်ပါ။

2) ဖောက်ပြန်တဲ့ ယောက်ျားဟာ နှစ်ဘဝ အသက်ရှင်နေသလိုပါပဲ။ မယားကြီးက တစ်ဘက်၊ မယားငယ် တစ်ဘက်။ ဘယ်တော့များ သူမဟုတ်တာပေါ်မလဲ အမြဲတွေးပူနေရသူပါ။ သူတို့တွေက ညဘက်ဆို စိုးရိမ်စိတ်ကြောင့်အိပ်မပျော်ကြပါဘူး။ အိမ် ပြန်ရောက်ရင် အရမ်းပင်ပန်းနေပြီ။ တရေးလောက်အိပ်တယ်။ ညဘက်ဆို နိုးနေရော။ မိန်းမအိပ်မှ အငယ်လေးဆီ ဆက်သွယ်လို့ရမှာမဟုတ်လား?

3) ကိုယ်နဲ့ပတ်သက်လို့ စိတ်ဝင်စားမှုတွေ လျော့နည်းလာမယ်။ အရင်ဆို ဒီလမှာ ခရီးထွက်နေကျ၊ ဒီနှစ်ကျ ထွက်ဖို့ကို စိတ်မဝင်စားတော့တာတို့၊သူနဲ့ကိုယ့် ရှေ့ရေးကို ပြောဖို့ဆို တက်တက်ကြွကြွမရှိတာတို့ ဖြစ်နေမယ်ဆို လွှတ်မထားပါနဲ့။။

4) ချစ်ချစ်အသစ်လေးကို အချိန်ပိုပေးဖို့ ရုံးနောက်ကျတယ်တို့၊ အလုပ်ကိစ္စနဲ့ခရီးထွက်ရမယ်တို့၊ အကြောင်းအမျိုးမျိုးပြပြီး အိမ်ကနေ အချိန်တော်တော်များများ အဝေးမှာနေနိုင်အောင် ဆင်ခြေဆင်လက် မထပ်တမ်း ပေးကြတယ်။ တခုခုသွားဝယ်ဖို့ဆို ဟ စရာတောင်မလိုဘူး၊ ပြေးဝယ်မယ်၊ ပြီးရင် သွားဝယ်တဲ့ ပစ္စည်းမေ့လာတယ် ဆိုတာက မိန်းကလေးတွေ အတွက် သံသယဝင်သင့်တဲ့ အချက်တွေပါပဲ။

5) သူ့ဖုန်းနဲ့ပတ်သက်ရင် သိပ် လျှို့ဝှက်နေလား? ဖုန်းကို အိမ်ရောက်တာနဲ့ အသံပိတ်ထားတာတို့၊ ကိုယ်ဆက်ရင် တော်တော်နဲ့ မကိုင်နိုင်ဖြစ်နေလား ဆိုတာကို သတိထားကြည့်ပါ။ အရိပ်အမြွှက် မပြပဲ သူ့ဖုန်းကို ရုတ်တရက် တောင်းကြည့်ပါ။ မလုံမလဲဖြစ်နေရင်၊ သူ ကိုယ့်ကို တခုခု ဖုံးကွယ်ထားနေပါပြီ။

6) တချို့ လူလည်ခင်ပွန်းတွေက ဘာလုပ်သလဲဆို မိန်းမကို ဆွတ်နေကျမဟုတ်တဲ့ ရေမွှေးအသစ်ဝယ်ပေးတတ်ပါတယ်။ အဲဒါက သူရဲ့ နောက် ချစ်ချစ် သုံးတဲ့ ရေမွှေးဖြစ်တတ်ပါတယ်။ ဒါမှ သူ့ချစ်ချစ်သစ်လေးဆီက စွဲပါလာတဲ့ ရေမွှေးအနံ့ဆိုတာကို သတိမထားမိအောင်ပေါ့။

မိန်းမ မာယာ သဲကိုးဖြာ ဆိုပေမယ့် ယောက်ျားသားတွေ မာယာများတဲ့ အခါ မိန်းမတွေ နောက်ကောက် မကျန်ခဲ့ရလေအောင် သိထားဖို့လိုပါတယ်။

Credit : သနပ်ခါးမေ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top