iMyanmarHouse.com - Best Property Website for Myanmar
×









အိမ်ထောင်ပြုပြီးသွားတဲ့အခါ ကိုယ့်အိမ်ထောင်ဖက်နဲ့အတူ ညဘက်အပြင်ထွက်လည်တာ၊ ဒိတ်လုပ်တာမျိုးတွေ မလိုအပ်တော့ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ အမှန်တော့ ဒါဟာ အိမ်ထောင်သည်တွေအတွက် တကယ်ကို လိုအပ်တဲ့အချက်ပါ။ တစ်သက်လုံး အတူတကွ သွားရမယ့် လမ်းမှာ စိတ်ပျက်စိတ်ကုန်တာတွေ၊ ငြီးငွေ့တာမျိုးတွေအစား ရင်ခုန်ပျော်ရွှင်စရာကောင်းတဲ့ ခံစားချက်တွေနဲ့ အစားထိုးသင့်တယ် မဟုတ်လား။ ဒီတော့ အိမ်ထောင်သည် စုံတွဲတွေအတွက် ဘယ်လိုမျိုး ဒိတ်လုပ်သင့်တယ်ဆိုတာလေးတွေ ပြောပြပေးချင်ပါတယ်။

၁။အိမ်ထောင်ပြုပြီးနောက်ပိုင်း ပုံမှန်သွားလာနေထိုင်မှုပုံစံတွေထဲက ခွဲထွက်ပြီး ဟိုးအရင်ကာလတွေဆီ ပြန်ရောက်အောင် သွားပါ။ ဆိုလိုချင်တာက သူနဲ့စတွေ့တုန်းက ဒိတ်လုပ်တဲ့နေရာ၊ ပုံစံလေးတွေ ပြန်စဉ်းစားပြီး အဲ့ဒီလို ဒိတ်မျိုးလေး ပြန်ဖန်တီးပါ။

၂။အဖြစ်သဘောမျိုး မဟုတ်ပဲ ပူပူနွေးနွေး ရည်းစားဘ၀တုန်းကလို ကိုယ့်အိမ်ထောင်ဖက်ကို နွေးနွေးထွေးထွေး ဆက်ဆံပါ။ နှစ်ဦးသား သဘောကျတဲ့ အစီအစဉ်တစ်ချို့ စိတ်ကူးပါ။

၃။တစ်ဖက်သား နှစ်သက်မယ့်အရာ၊ ရိုမန်တစ်ဖြစ်မယ့် အစီအစဉ်မျိုးနဲ့ ကိုယ့်စိတ်ထဲက အကြောင်းအရာတစ်ချို့ကို ဖွင့်ဟပါ။ ဘယ်အချိန်အထိ အတူရှိပြီး ဘာတွေလုပ်ကြမယ်ဆိုတဲ့ အနာဂတ်အကြောင်း ဆွေးနွေးပါ။

၎။နှစ်ဦးသားတစ်ခါမှ မလုပ်ဖူးသေးတဲ့အရာမျိုးတွေ အတူလုပ်ဆောင်ပါ။ ဥပမာ ရိုလာကိုစတာ အတူသွားစီးတာမျိုး၊ သင်တန်းတစ်ခု အတူတက်တာမျိုး၊ သိထားရမှာက နှစ်ဦးသားစိတ်လှုပ်ရှားပျော်ရွှင်စေမယ့်အရာကို ရွေးချယ်ဖို့ပါပဲ။

၅။ဖုန်းတွေကို အဝေးမှာ ထားပြီး ကိုယ့်ဘေးက အိမ်ထောင်ဖက်ကိုသာ အချိန်အပြည့်အ၀ပေးလိုက်ပါ။

ကဲ ဒိတ်ပြန်လုပ်ဖို့အတွက် အကြံဥာဏ်တစ်ချို့ပေးပြီးတဲ့နောက် ဒိတ်လုပ်နေစဉ်အတွင်း မလုပ်သင့်တဲ့အရာတွေကိုလည်း ပြောပြချင်ပါသေးတယ်။

၁။ကိုယ့်အိမ်ထောင်ဖက်နဲ့ အတူပြန်ချိန်းတွေ့တာမျိုးလုပ်တဲ့အခါ သွားနေကျ စားသောက်ဆိုင်၊ နေရာမျိုးတွေ မခေါ်သွားပါနဲ့။ အစီအစဉ်အသစ်ကိုသာ စဉ်းစားပါ။

၂။ရုပ်ရှင်ကြည့်တာမျိုး၊ တီဗီအတူကြည့်တာမျိုးတွေ မလုပ်ပါနဲ့။ နှစ်ဥိးသား ပိုမိုနွေးထွေးရင်းနှီးမှုရစေမယ့်အရာမျိုးကို စဉ်းစားဖို့ လိုပါတယ်။ တီဗီဖန်သားပြင်ကို ကြည့်ပြီး အချိန်ကုန်တာမျိုးထက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အချိန်ကုန်တာမျိုးက ပိုအကျိုးရှိပါတယ်။

၃။အလုပ်နဲ့ပတ်သက်တဲ့ စိတ်ညစ်စရာတွေ၊ ကလေးတွေအကြောင်း တစ်ခြား ပြသနာတွေ ဒီလိုအချိန်မျိုးမှာ မပြောမိပါစေနဲ့။ ကျန်တဲ့အချိန်မျိုးတွေမှာ နှစ်ဦးသားဆွေးနွေးနိုင်တာကြောင့် ဒိတ်ပြန်လုပ်တဲ့နေ့လေးမှာ နှစ်ဦးသားပျော်ရွှင်ကြည်နူးစေဖို့ကိုသာ အသားပေးလုပ်ဆောင်ပါ။

၎။ငွေကုန်ကြေးကျများတဲ့ အစီအစဉ်မဖန်တီးပါနဲ့။ ဒါဟာ နှစ်ဦးစလုံးအတွက် စိတ်အနှောင့်အယှက်ဖြစ်နေရရင် မကောင်းပါဘူး။ ပိုက်ဆံနည်းနည်းသုံးပြီး နှစ်ဦးသားပျော်ရွှင်ရတာမျိုးကို စဉ်းစားပါ။ စက်ဘီးလေးအတူစီးပြီး နေ၀င်ချိန် အတူသွားကြည့်တာမျိုး၊ ပျော်ပွဲစားထွက်တာမျိုးလေးတွေလည်း ကောင်းပါတယ်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top