iMyanmarHouse.com - Best Property Website for Myanmar
×










လက်သည်းကိုက်ခြင်းကို ဘာအန္တရာယ်မှ မပြုတတ်တဲ့ အပြုအမူတစ်ခုလို့ သဘောထားမိနေပါသလား။ အဲဒါလုံးဝမဟုတ်တာ သေချာပါတယ်။ သင်ဟာ လက်သည်းကိုက်တတ်သူ တစ်ဦးဖြစ်နေရင်တော့ ထိတွေ့ခံစားလာရမယ့် အန္တရာယ်များစွာရှိပါတယ်။

(၁) ရောဂါဖြစ်ပွားစေတဲ့ ဘက်တီးရီးယားပိုးများ

သင့်လက်သည်းတွေဟာ ဘက်တီးရီးပိုးတွေ ကြီးထွားဖွံ့ဖြိုးမှုအတွက် အကောင်းဆုံးနေရာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် လက်သည်းတွေကို ကိုက်တဲ့အခါ ပါးစပ်ထဲသို့ ဘက်တီးရီးယားပိုးတွေ သွင်းထည့်နေတာပဲဖြစ်ပါတယ်။ အဲဒီကမှတဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ရောက်ရှိသွားပြီး ကူးစက်ရောဂါ အမျိုးမျိုးဖြစ်ပွားစေနိုင်ပါတယ်။ လက်နဲ့စာရင် လက်သည်းတွေကို သန့်စင်စေဖို့ ပိုခက်ပါတယ်။ လက်ကိုတော့  ဆပ်ပြာလေးနဲ့ ဆေးလိုက်ရင်ရပါတယ်။ ဒါကြောင့် လက်သည်းတွေဟာ ဘက်တီးရီးယားပိုးတွေ ကိန်းအောင်းဖို့ နေရာကောင်းဖြစ်လာတာပဲ။

(၂) လက်သည်းမှတဆင့် ရောဂါကူးစက်ခြင်း

လက်သည်းကိုက်သူတွေမှာ လက်သည်းတစ်ဝိုက် ဖြစ်ပွားတဲ့ အရေပြားကူးစက်ရောဂါ  paronychia ကို ရရှိလာနိုင်တယ်။ လက်သည်းတွေကို ကိုက်တဲ့အခါမှာ ဘက်တီးရီးယားပိုးတွေ၊ အညစ်အကြေးတွေနဲ့ တခြားသော အကောင်အသေးအမွှားလေးတွေ ၊တံတွေးစက်လေးတွေ သို့မဟုတ် ပွန်းပဲ့ရာများမှ ဝင်ရောက်လာနိုင်ကာ လက်သည်းတဝိုက် ဖူးယောင်ခြင်း၊ နီရဲလာခြင်းနဲ့ အနာပြည်တည်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

လက်သည်းကိုက်ခြင်းမှတဆင့်ဖြစ်တဲ့ ဘက်တီးရီးယားပိုး ကူးစက်ခြင်းဟာ အဖြစ်များဆုံး လက်သည်းပြဿနာတစ်ခုဖြစ်ကြောင်း American Academy of Dermatology(AAD) ရဲ့ပြောဆိုချက်အရ သိရပါတယ်။

(၃) HPV ရောဂါကူးစက်မှုကြောင့်ဖြစ်တဲ့ ကြွက်နို့များ

လက်သည်းကိုက်တတ်သူတွေကြား အဖြစ်များတဲ့ နောက်ရောဂါတစ်ခုက human papilomavirus or HPV ကြောင့်ဖြစ်တဲ့ ကြွက်နို့တွေပဲဖြစ်တယ်။ ကြောက်ဖို့ကောင်းတာက လက်သည်းကိုက်တဲ့အခါ ကြွက်နို့တွေ ပါးစပ်နဲ့ နှုတ်ခမ်းမှာ အလွယ်တကူ ပျံ့နှံ့သွားနိုင်တဲ့အချက်ပဲ ဖြစ်ပါတယ်။

(၄) သွားအား ထိခိုက်စေတဲ့ပြဿနများ

လက်သည်းကိုက်နေချိန် အောက်သွားနဲ့အပေါ်သွား စိလိုက်တဲ့ လှုပ်ရှားမှုကြောင့် ပြဿနာဖြစ်နိုင်ပါတယ်။

သွားက ရှိသင့်တဲ့နေရာမှမရှိဘဲ ချော်သွားနိုင်တယ်။ ပုံမကျပန်းမကျဖြစ်သွားနိုင်ပါတယ်။ သွားတွေ အချင်းချင်းပွတ်မိသွားနိုင်ပြီး လက်သည်းကို တစ်ချိန်လုံးကိုက်နေမယ်ဆိုရင် သွားတွေ ပျော့ညံ့လာနိုင်ပါတယ်။

(၅) ဘဝအဆင့်အတန်း ပျက်စီးခြင်း

လက်သည်းကို အကြာကြီး ကိုက်တတ်သူတွေဟာ လက်သည်းမကိုက်သူတွေထက် သူတို့ရဲ့ဘဝနေထိုင်မှုအဆင့်အတန်း သိသိသာသာ ပျက်စီးမှုကြုံနေကြတယ်လို့ လေ့လာမှုအရ သိရပါတယ်။

လက်သည်းကိုက်တာ အချိန်ကြာတာနဲ့အမျှ ကျန်းမာရေးချို့တဲ့မှုနှုန်းလည်း မြင့်တက်လာပါတယ်။ လက်သည်းကိုက်တတ်တဲ့အကျင့်ကို တွန်းလှန်ခြင်း၊ လက်သည်းကိုက်ခြင်းကြောင့် ခံစားရတဲ့ ဝေဒနာ သို့မဟုတ် လက်သည်းကိုက်တတ်သည့်အပြုအမူများတွေကလည်း ဘဝနေထိုင်မှု အဆင့်အတန်းကို မကောင်းတဲ့ဘက်ကနေ လွှမ်းမိုးထားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top