ငယ်ရွယ်သောအမျိုးသမီးများစိတ်ဓာတ်ကျနေပါက နှလုံးရောဂါ ဖြစ်နိုင်သောအန္တရာယ်(သို့မဟုတ်)
နှလုံးရောဂါကြောင့် သေဆုံးနိုင် ခြေ
နှစ်ဆပိုများကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။
နှလုံးသွေးကြော စစ်ဆေးမှုခံယူနေသည့် နှလုံးရောဂါစတင်ဖြစ် ပွားနေသူ
(သို့မဟုတ်) ရောဂါရှိသည်
ဟု သံသယရှိသူပေါင်း ၃၂၃၇ ဦးကို သုတေသီများက
လေ့လာခဲ့သည်။
ယင်းလူနာများကို နှလုံးသို့ သွေးပို့သော
သွေးကြောများအတွင်းပိုင်းကျဉ်းမြောင်းသော ရောဂါ ကိုဖော်ထုတ်ရာတွင်သုံးသော
နည်းလမ်းကိုသုံး၍ သုတေသီများ လေ့လာခဲ့ကြခြင်း ဖြစ်သည်။
အကယ်၍ ယင်းလူနာများသည် အလယ်အလတ်မှ ပြင်းထန် သော အဆင့်ထိ စိတ်ဓာတ်ကျသည့်
ဝေဒနာခံစားနေရပြီး အသက် (၅၅)နှစ်အောက်ဖြစ်ပါက လာမည့်နှစ်အနည်းငယ်အတွင်း
နှလုံး ရောဂါခံစားနိုင်ခြေနှစ်ဆပိုများကြောင်း သုတေသီများ စစ်ဆေး
တွေ့ရှိခဲ့သည်။
အသက်(၅၅)နှစ်အောက် စိတ်ကျဝေဒနာခံစားနေရသည့်
အမျိုးသမီးများမှာ စိတ်ဓာတ်မကျသော အမျိုးသမီးများထက် နှလုံး
ရောဂါဖြစ်နိုင်ခြေ(သို့မဟုတ်) နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ
နှစ်ဆပို
များကြောင်း သိရသည်။
စိတ်ကျဝေဒနာခံစားနေရသည့် အမျိုးသားများနှင့်
အသက်(၅၅)နှစ်နှင့်အထက် အမျိုးသမီးကြီးများ မှာ
ယင်းကဲ့သို့အန္တရာယ်ပိုများခြင်းမရှိကြောင်းသိရသည်။စိတ်ဓာတ်ကျခြင်းမှာဆီးချိုရောဂါနှင့်
ဆေးလိပ်ေ
သာက်ခြင်းကဲ့သို့
နှလုံးရောဂါအဓိကဖြစ်စေသောအရာတစ်ခုဖြစ်ကြောင်းအတ္တလန်တာရှိအမ်မိုရီတက္က
သိုလ်မှ နှလုံးအထူးကုဆရာဝန် ဒေါက်တာအမစ်ဆာဟာက ပြောသည်။
အမျိုးသမီးငယ်များသာ စိတ်ကျခြင်းကြောင့် နှလုံးကို
အန္တရာယ်ဖြစ်စေရခြင်းမှာ ဇီဝဗေဒဆိုင်ရာ အကြောင်းတစ်ခုကြောင့်ဟု ဆာဟာက
ယုံကြည်ထားသည်။ သို့သော် ယင်းနှစ်ခုကြား ဆက်စပ်မှုအတွက် အကြောင်းရင်း
အတိအကျကိုမူ မသိရသေးပေ။
လူများစိတ်ဓာတ်ကျပါက ၎င်းတို့ကိုယ်၎င်းတို့ ဂရုစိုက်ခြင်း မရှိတော့ဘဲ
ယင်းကဲ့သို့ ဂရုမစိုက်ချိန်တွင် နာမကျန်းဖြစ်လာကြ ကြောင်း ယင်းလေ့လာမှုတွင်
မပါဝင်သော အမေရိကန်နှလုံးရောဂါ ကုဌာနမှ ပြောရေးဆိုခွင့်ရှိသူ
အမျိုးသမီးဒေါက်တာဇူဇန်နီစတိန်းဘန်း က ပြောသည်။
သို့သော် စိတ်ဓာတ်ကျခြင်းကို ကုသလိုက်လျှင် နှလုံးရောဂါ
ပျောက်သွားမည်မဟုတ်ဟု အရီဇိုးနားတက္ကသိုလ် ဆေးပညာ ပါမောက္ခဒေါက်တာ
ချားလိစ်ရိုင်ဆင်က ပြောသည်။ ယင်းနှစ်ခုလုံး ကို ကုသရန် နည်းလမ်းမှာ
လေ့ကျင့်ခန်းလုပ်ခြင်းပင် ဖြစ်သည်ဟု ဒေါက်တာချားလိစ်က ပြောကြားသည်။
Credit : 7Day Daily
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ကျန်းမာရေး
»
ဗဟုသုတ
» ငယ်ရွယ်သူအမျိုးသမီးများ စိတ်ဓာတ်ကျလျှင် နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ နှစ်ဆပိုများ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။