iMyanmarHouse.com - Best Property Website for Myanmar
×














ဇာတ်ကားများရိုက်ကူး ရာတွင် ဆံပင်ပုံစံကို အပြောင်း အလဲအများကြီးမလုပ်ဖြစ်သော် လည်း ဇာတ်ရုပ်ကို လိုက်၍ ပြောင်းလဲဖြစ်ကြောင်း ဇေရဲထက် က ပြောသည်။
‘‘ဆံပင်ပုံစံကို အရမ်းကြီး တော့ မပြောင်းဖြစ်ဘူး။

ဒါပေမဲ့ လူကြီးပိုင်းကလည်း ဆံပင်ကိစ္စကိုကြည့်လာတယ်။ ဇေရဲထက်ရေ ဆံပင်လေးနည်းနည်းပြောင်းပေး ပါဦးဆိုရင် ကျွန်တော့်အနေနဲ့ လူ ငယ်ကားဆိုရင် လူငယ်ကာရိုက်တာနဲ့လိုက်အောင်၊ ဖန်စီဆိုရင် ဖန်စီ၊ ဒရာမာဆိုရင် ဒရာမာကာရိုက် တာနဲ့ လိုက်အောင် ပြောင်းပေး ဖြစ်တယ်’’ဟု ဇေရဲထက်က ပြော သည်။
ယခုရက်ပိုင်းတွင် သရုပ် ဆောင် သွန်းဆက်နှင့်အတူ တို့ ဖေဖေဟု အမည်ပေးထားသည့် ဇာတ်ကားတစ်ကားရိုက်ကူး လျက်ရှိပြီး ယင်းဇာတ်ကားပြီးပါ က အောင်သီရိထုတ်လုပ်ရေးနှင့် ရုပ်ရှင်တစ်ကားရိုက်ကူးမည်ဟု ၎င်းက ပြောသည်။

ရုပ်ရှင်အနေဖြင့် ရွှေမှုံရတီ နှင့် နှစ်ကားဆက်တိုက်ရိုက်ကူး မည်ဖြစ်ပြီး မကြာမီရိုက်ကူးမည့် ရုပ်ရှင်မှာ ဒရာမာဇာတ်ကားဖြစ် ကာ ၂၀၁၅ နှစ်ဆန်းတွင်  ရိုက် ကူးမည့်ရုပ်ရှင်မှာမူ ဟာသကား ဖြစ်သည်ဟု ၎င်းက ပြောသည်။

မကြာမီလပိုင်းအတွင်း ရုံ တင်ပြသမည့် အွန်လိုင်းပေါ်က ၀ိညာဉ်ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်ခဲ့ရခြင်းဖြစ်၍ ပြန်လည်ကြည့်ရှုသည့်အချိန်၌အသစ်တစ်ယောက်အနေဖြင့် ကျေနပ်ကြောင်း ဇေရဲထက်က
 ပြောသည်။

‘‘အွန်လိုင်းပေါ်က၀ိညာဉ် ဇာတ်ကားက ဗီဒီယို ငါးကား လောက်ရိုက်ပြီးတဲ့အချိန်မှာ ရိုက် ခွင့်ရခဲ့တာပါ။ အဲဒီကားက လူငယ်ဖန်စီပုံစံပဲ သရုပ်ဆောင်ရတာဆို တော့ အသစ်တစ်ယောက်အနေနဲ့ ကျေနပ်မှုရှိပါတယ်’’ဟု ၎င်းက ပြောသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top