iMyanmarHouse.com - Best Property Website for Myanmar
×










သင့်ရဲ့အချစ်ရေးက လမ်းခွဲသင့်တဲ့ အခြေအနေလား၊ ဒါမှမဟုတ် ဆက်ထိန်းထားသင့်တဲ့ အခြေအနေလား။ မေးခွန်းကလွယ်သလောက် အဖြေက စဉ်းစားရခက်ပါတယ်။ ကိုယ်ထားတဲ့ စံနမူနာ၊ အခြေအနေအရပ်ရပ်က လမ်းခွဲသင့်တဲ့ အခြေအနေဆိုပေမယ့် ကိုယ့်စိတ်ထဲမှာ သူကရှိနေသေးတယ်၊ ဖယ်ထုတ်လို့မရဘူးဆိုရင် ဒါဟာ ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်နေမှာ စိုးရပြန်ရော။ ဒါပေမယ့် ပြတ်သားတဲ့ ဆုံးဖြတ်ချက် ချခါနီးတိုင်း ကိုယ့်ကိုယ်ကိုအရင်ဆုံး မေးကြည့်ပြီးမှသာ ဆုံးဖြတ်သင့်ပါတယ်။ ဒီတော့ ခုပြောပြပေးမယ့် မေးခွန်းလေးတွေကို ကိုယ့်ကိုယ်ကို မေးကြည့်ပြီးမှသာ ဆက်သွားရမလား၊ လမ်းခွဲရမလား ဆုံးဖြတ်ပါ။

၁။သင်တို့နှစ်ဦးရဲ့ ပန်းတိုင်တွေ၊ စိတ်ကူးတွေက တူညီပါရဲ့လား။

ကိုယ်နဲ့သူနဲ့က အကြိုက်တွေ မတူပေမယ့် ညှိုနေကြတယ်ဆိုပါစို့။ ဒါပေမယ့် ရေရှည်မှာ သူဖြစ်ချင်တဲ့ သူ့အိပ်မက်တစ်ချို့ကို သင်သိရှိပြီး ဖြစ်မှာပါ။ အဲ့ဒီအရာတွေကို သင်သဘောကျပါရဲ့လား။ ဥပမာ ကိုယ်က ကလေးတွေဘာတွေ မလိုချင်တော့ဘူး။ လက်ထပ်ပြီး ဒီအတိုင်းနေသွားချင်တယ်။ သူကတော့ ကလေးတွေ အများကြီးနဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ချင်တယ်။ ဒီလိုမျိုး ကွဲပြားမှုတွေရှိနေတယ်ဆိုရင် ဒီလိုအချက်မျိုး ဘယ်လောက်များများ နှစ်ဦးကြား မတူညီတာတွေ ရှိနေပါသလဲ။ စဉ်းစားပါ။

၂။သူက ရိုးသားပြီး သင့်အပေါ် သစ္စာရှိတဲ့သူ တစ်ယောက်လား။

အချစ်ရေးမှာ ရိုးသားမှုနဲ့ တစ်ဦးအပေါ်တစ်ဦးလေးစားမှုဆိုတာ အရေးကြီးတဲ့ကဏ္ဍက ပါဝင်နေပါတယ်။ ဒါမှလည်း ရေရှည်သွားလို့ရမှာပါ။ ကိုယ့်ချစ်သူ စိတ်ညစ်ရမှာစိုးလို့ ဘာမှမဖြစ်တဲ့အရာသေးသေးလေးတွေကို လိမ်ပြောလိုက်တာ အဆင်ပြေပေမယ့် ကိစ္စရပ်အကြီးကြီးတွေ ကို လိမ်ညာတာမျိုး၊ တစ်ခြားပြသနာတွေကို လိမ်ညာထားတာမျိုးဆိုရင်တော့ ဒီအချက်က ထည့်သွင်းစဉ်းစားရမယ့်အရာထဲ ပါလာပါပြီ။

၃။ဒီလူကို ရင်ခုန်နေတုန်းလား။

ဘယ်လောက်ပဲ ပြသနာတွေတက်တက်၊ ရန်တွေဖြစ်ဖြစ် ဒါတွေပြီးသွားတဲ့အခါ သူနဲ့အတူတူရှိဖို့အတွက် ရင်ခုန်နေတတ်သလား။ သူနဲ့အတူတူရှိတဲ့အချိန် ငြီးငွေ့သွားတာမျိုး မရှိဘူး။ ဒီအချက်ကိုလည်း ထည့်စဉ်းစားလိုက်ပါဦး

၎။အချိန်တွ ကြာတဲ့အချိန်ထိ မပြောင်းလဲနိုင်ဘူးလို့ ယုံကြည်ပါသလား။

နှစ်တွေကြာသွား၊ အချိန်တွေ ကုန်ဆုံးသွားတဲ့အခါ ကိုယ်ရော၊ သူရော အချင်းချင်းထားတဲ့ စိတ်ခံစားချက်တွေ ပြောင်းလဲမသွားဘူးဆိုတာ သေချာပါသလား။ သူ့ဘက်က မသေချာရင်တောင် သင့်ဘက်ကတော့ ရက်စ်လို့ ဖြေနိုင်တယ်ဆိုတာ သေချာသလား။ သင်တို့နှစ်ဦးစလုံးရဲ့ ပန်းတိုင်၊ ကြိုးစားလို့ရလာမယ့် အခွင့်အလမ်း၊ ရည်ရွယ်ချက် အားလုံး ပြီးပြည့်စုံနိုင်မယ်လို့ ယုံပါသလား။

၅။သူက ကိုယ့်အပေါ် အလေးထား၊ တန်ဖိုးထားသလို သူ့ကြောင့် ပျော်ရွင်ကြည်နူးရတာမျိုးတွေ ရှိသလား။

သူက ကိုယ့်အပေါ် အပြစ်တင်ဝေဖန်နေတာမျိုးတွေ ၊ စော်ကားတာမျိုး၊ မလေးမစား ပြောဆိုတာမျိုးတွေ လုပ်တတ်တဲ့သူတစ်ယောက်လား ဆိုတာ စဉ်းစားပါ။ ဒါကိုပြောတဲ့အခါ ယုံကြည်ချက်အပြည့်နဲ့ အဖြေပေးနိုင်ဖို့ အရေးကြီးပါတယ်။

၆။နှစ်ဦးသားဆက်ဆံရေးက ပိုမိုရင်းနှီးနွေးထွေးလာပါသလား။

သူ့ကို ကိုယ့်ရဲ့ခံစားချက်၊ လိုအပ်ချက်၊ အားနည်းချက်တွေ ပြောပြတဲ့အခါ ကိုယ့်စိတ်ထဲ လုံခြုံမှုရှိပါသလား။ တစ်ဦးနဲ့တစ်ဦး သဘောတူ၊ အကြံပေး၊ ဖေးမနှစ်သိမ့်ပေးတဲ့အချိန်တွေကိုသာ သင်ပိုင်ဆိုင်ထားပါသလား။ အကောင်းဘက်ရောက်တဲ့ ဆက်ဆံရေးဟာ သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ပိုခိုင်မြဲစေမှာပါ။

၇။ဝမ်းနည်းနေရတာထက် ၀မ်းသာရတဲ့အချိန်က ပိုများပါသလား။

သင်ဟာ ပြုံးပျော်ရွှင်နေရတဲ့အချိန်ထက် ငိုနေရတာက များတယ်ဆိုရင် ဒီဆက်ဆံရေးကို ပြန်လည်စဉ်းစားဖို့ လိုလာပါပြီ။ စိတ်ဆင်းရဲရတဲ့အချိန်တွေက ပျော်ရွှင်ရတဲ့အချိန်ထက် အဆမတန်များနေပြီဆိုတာ သေချာရင်တော့ အနီရောင်အလံလေးသာ ပြလိုက်ပါတော့။

Credit  :Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top