iMyanmarHouse.com - Best Property Website for Myanmar
×










မိန်းကလေးတွေ တော်တော်များများက ဝက်ခြံပေါက်လာရင် မျက်နှာပေါ်လိမ်းဖို့ပဲ အာရုံထားတတ်ကြတာမဟုတ်လား? ဝက်ခြံထွက်ခြင်း မထွက်ခြင်းက အစားအသောက်ပေါ်မှာလည်း မူတည်ပါတယ်။ လူက အစာစားသလို၊ မျက်နှာမှာရှိတဲ့ ဆဲလ်လေးတွေကလည်း လူစားတဲ့ အစာ ထဲမှာပါတဲ့ အာဟာရကို မှီဝဲကြရပါတယ်။ လိမ်းတာထက်စာရင် သွေးကနေစုပ်ယူတဲ့ အာဟာရက ပိုတောင် သက်ရောက်မှု များပါတယ်။

လိမ်းဆေး လိမ်းတုန်းပဲ ခဏသက်သာ ရပ်လိုက်တာနဲ့ ဝက်ခြံ ပြန်ပြန်ထွက်နေတယ်ဆိုရင် အစားအသောက်လေးနဲ့ ထိန်းပေးကြည့်ပါနော်။ ရေရှည်အတွက်ပေါ့။

ရှောင်ရန်

 နို့နဲ့ နို့ထွက် ပစ္စည်း

DHT ဟော်မုန်းဟာ မျက်နှာ အဆီ ထွက်စေတဲ့ တရားခံပါပဲ။ အဆီတွေ အပေါက်သေးသေးလေးထဲကနေ ပြုံထွက်တဲ့ အခါ ပိတ်တဲ့ နေရာက ပိတ်၊ ခဲတဲ့ ဟာက ခဲ ဖြစ်သွားတော့ ဝက်ခြံလေးတွေ ဖြစ်လာတာပေါ့။ နို့နဲ့ နို့ထွက် ပစ္စည်းတွေ က အဲဒီ ဟော်မုန်းကို ပိုထွက်စေပါတယ်။ သူတို့ကို ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။ အထူးသဖြင့် ဝက်ခြံ ပိုထွက်တတ်တဲ့ ရာသီသွေးပေါ်ခါနီး အချိန်တွေမှာပေါ့။

ပြည့်ဝဆီ

တိရစ္ဆာန် တွေက နေရတဲ့ အဆီတွေရယ်၊ စားအုံးဆီရယ်။ ရေခဲသေတ္တာ ထဲ ထည့်လိုက်ရင် ခဲသွားတတ်တဲ့ အဆီတွေလေ။ သူတို့က ကျန်းမာရေးအတွက်တင် မဟုတ်ဘူး၊ မျက်နှာ အတွက်လည်း မကောင်းပါဘူး။ နဂိုထဲကမှ အဆီများများထွက်လို့ ခဲချင်ချင်က သူတို့နဲ့လည်းပေါင်းရော တန်းကို ပိတ်သွားရော။ ဆီကြော်လေးတွေ တတ်နိုင်သမျှ  ရှောင်ကြည့်ပါနော်။

ဆား

သူက ဝက်ခြံထွက်စေတဲ့ တရားခံတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆားတို့ရဲ့ သဘာဝက ရေကို ဆွဲတဲ့ အာနိသင်ရှိပါတယ်။ အငံစားတာများတဲ့ အခါ ရေကိုဆွဲသလို ဖြစ်ပြီး ဝက်ခြံက ပို ရောင်ကိုင်းလာတာပါ။

Others -

တချို့ studies တွေမှာ အသင့်စား အစားအစာတွေနဲ့ ပေါင်မုန့်ကို စားတဲ့ သူတွေက မစားတဲ့ လူတွေထက် ဝက်ခြံ ပိုပေါက်တယ်လို့ဆိုကြပါတယ်။

ဆောင်ရန်

အသီးအရွက်

အသီးအရွက်ထဲမှာမှ အဝါရောင် အနီရောင်ရှိတဲ့ Vitamin A ကြွယ်ဝတဲ့ အသီးအနှံတွေဟာ ဝက်ခြံထွက်တာကို ကာကွယ်တဲ့ နေရာရော၊ ကုသတဲ့ နေရာရောမှာ အစွမ်းထက်ပါတယ်။ အရေပြား အထူးကုဆရာဝန်များ ကိုယ်တိုင် ဝက်ခြံကုသတဲ့ အခါ A ကို လိမ်းဆေး အနေနဲ့ တမျိုး စားဆေး အနေနဲ့ တဖုံပေးကြပါတယ်။ ကြိုက်ကြိုက် မကြိုက်ကြိုက် ခရမ်းချင်သီးဖြစ်ဖြစ်၊ မုန်လာဥဖြစ်ဖြစ် နေ့တိုင်းပါအောင်စားကြည့်ပါနော်။ ဝက်ခြံထွက်တာ သိသိသာသာ လျှော့သွားပါလိမ့်မယ်။

သံပုရာသီး

သူကတော့ Vitamin C ကြွယ်ဝ စွာပါဝင်တာကြောင့် ဝက်ခြံဖြစ်ပြီးတဲ့ အခါ နဂိုအသားအရေကို အမြန်ဆုံးပြန်ရောက်ဖို့ ကူညီပေးပါလိမ့်မယ်။ C ဟာ healing process မှာပါဝင်တဲ့  ကော်လဂျင် ထုတ်လုပ်တဲ့ နေရာမှာ ကူညီပေးပါတယ်။ သူ့ကို တွဲစားထားရင် ဝက်ခြံပျောက်သွားတဲ့ အခါ အမာရွတ် တော်တော်နဲ့ ပျောက်ပါ့မလားဆိုပြီး စိတ်မပူရတော့ပါဘူး။  သံပူရာသီးတင် မဟုတ်ပါဘူး။ လိမ္မော်သီး၊ ရှောက်သီး အစရှိတဲ့ အရည်ရွှမ်းသီးတွေမှာလည်း အလားတူအာနိသင်ရှိပါတယ်။

Green tea

Green Tea ကို ခွက်တစ်ဝက်စာ သောက်တာက လတ်ဆတ်တဲ့ အသီး 1 ကီလို စားတာနဲ့ antioxidant အာနိသင်ခြင်းအတူတူပါပဲတဲ့။ နောက်တစ်ခု က အစောက ပြောခဲ့တဲ့ ဟော်မုန်း ထွက်တာကိုလည်း လျှော့ချပေးပါတယ်။ ရောင်တာကိုလည်း ကျစေပါသတဲ့။

Others - Ayuveda ( အာယူဗေဒ ) ကျမ်းထဲမှာတော့ နနွင်းတို့ ရှားဆောင်းလက်ပတ် တို့ကို အပိုဆောင်း တွေ့ရမှာပါ။

Credit  : သနပ်ခါးမေ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top