iMyanmarHouse.com - Best Property Website for Myanmar
×














ဒုတိယ အယ်လဘမ်ကို ထွက်ထားသည့် အိုင်းရင်းဇင်မာမြင့်က ပရဟိတ ရှိုးပွဲများ သီဆိုရာတွင် အနုပညာကြေး တစ်ဝက်သာ ယူကြောင်းနှင့် ပရဟိတ ပွဲများတွင် ပါဝင် သီဆိုရသည့် အတွက် ပီတိလည်း ဖြစ်မိကြောင်း ပြောသည်။

  ““ရိုးရိုး ရှိုးပွဲကတော့ စိတ်လွတ် ကိုယ်လွတ်ပေါ့။ သီချင်းတွေ အားလုံး အပေါ်မှာ မုဒ်တစ်ခုပဲ ထည့်ရတယ်။ ပရဟိတ ပွဲဖြစ်တဲ့ အခါကျတော့ ငွေကြေးတွေ ရလာတဲ့အခါ တစ်ဖက်မှာ သွားလှူရမှာ သိရလို့ အိုင်းရင်းရဲ့ စိတ်ထဲမှာလည်း ကျေနပ်တယ် ။ တကူးတက ကြီးလည်း ကိုယ်က မသွားနိုင်ပါဘူး။ ခက်ခက်ခဲခဲနဲ့ လှူမဲ့နေ ရာမှာ တစ်ထောင့် တစ်နေရာက ပါဝင်ခွင့်ရတဲ့ အတွက် ၀မ်းသာပီတီ ဖြစ်မိပါတယ်။

 အိုင်းရင်း အနေနဲ့က ပရဟိတပွဲဆိုဖို့ စလက်ခံပြီဆိုရင် အနုပညာကြေးကို တစ်ဝက် ချိုးချလိုက်ပါတယ်။ တကယ် လှူဒါန်းမယ် ဆိုတာကို ကြိမ်းသေတဲ့ ပွဲဆိုရင် ရန်ကုန်မှာဆိုရင် လုပ်ပေးပါတယ်။ နယ်က လူတွေကလည်း ဆင်းလာပြီး၊ လုပ်ကြတာ ဆိုတော့ အိုင်းရင်း စဉ်းစား လိုက်ပါတယ်။ ဒီတစ်ရက်တည်းပဲ၊ နာရီပိုင်းပဲ အချိန်ပေးရမှာ ဖြစ်တဲ့ အတွက် အရင် ယူနေကြ အနုပညာကြေးလောက် မယူပါဘူး။

 ပရဟိတ စိတ်လေးနဲ့ပဲ လုပ်ပေးပါတယ်။ ပရိသတ် နည်းတာ များတာ ကတော့ အခြေအနေ အရပေါ့နော်။ အဓိကမေးတာ တစ်ခုပဲ ရှိပါတယ်။ Channel က ရိုက်မလား၊ ရိုက်မယ်ဆိုရင် တေးရေးခကို ကိုယ့်ဘာသာကိုယ် ညှိကြပါလို့ ပြောပါတယ်။ အိုင်းရင်း ကတော့ ဒါကိုပဲ မေးဖြစ်ပါတယ်။ အနုပညာကြေးကိုတော့ လျှော့လိုက်ပါတယ်”” ဟု အိုင်းရင်းဇင်မာမြင့်က ပြောသည်။
အိုင်းရင်းဇင်းမာမြင့်သည် လတ်တလောတွင် “ချစ်လို့”ဆိုသည့် Audio CD ကိုထွက်ထားသည်။

Credit : Messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top