iMyanmarHouse.com - Best Property Website for Myanmar
×














Idris Elba ဟာ ဂျိမ်းစ်ဘွန်းမင်းသားသစ် ဖြစ်လာနိုင်ခြေရှိနေပါတယ်။ Sony Pictures Entertainment ရဲ့ hack လုပ်ခံရမှုကတစ်ဆင့် ကုမ္မဏီရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ Amy Pascal က Idris Elba ကို Daniel Craig ရဲ့နေရာကိုဝင်ယူပြီး ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ဖို့ တိုက်တွန်းထားတဲ့ အီးမေးလ်ဟာ ပျံနှံ့လာပါတယ်။

Daily Beast သတင်းဌာနရဲ့ ဖော်ပြချက်တွေအရ Amy Pascal က ဂျိမ်းစ်ဘွန်းဇာတ်လမ်းတွေ ထုတ်လုပ်ဖြန့်ချိတဲ့ Columbia Pictures ဒုတိယဥက္ကဌ ဖြစ်တဲ့ Elizabeth Cantillonထံသို့ ၂၀၁၄ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ကတည်းက Idris Elba ဟာဂျိမ်းစ်ဘွန်းသရုပ်ဆောင် ဖြစ်သင့်တယ်လို့ အီးမေးလ် ပို့ထားတယ်လို့ ဆိုပါတယ်။

ဂျိမ်းစ်ဘွန်းဇာတ်လမ်းတွဲတွေရဲ့ ၂၄ ခုမြောက် ဇာတ်လမ်းဖြစ်တဲ့ “Spectre” ဟာ ၂၀၁၅ နိုဝင်ဘာလ မှာ ပြသမှာဖြစ်ပြီး ထိုဇာတ်လမ်းမှာတော့ Daniel Craig ကပဲ ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်မယ်လို့ သိရပါတယ်။ Idris Elba ဟာ “Pacific Rim” ၊ “Prometheus” နဲ့ “Thor” ဇာတ်လမ်းတို့မှာလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top