iMyanmarHouse.com - Best Property Website for Myanmar
×










ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ဟာ အားလုံးကို စွန့်ခွာသွားခဲ့သူ အနုပညာရှင် Paul Walker ရဲ့တစ်နှစ်ပြည့်တဲ့ နေ့စွဲလေးပါ။ အသက် ၁၆နှစ် ရှိပြီဖြစ်တဲ့ သူ့ရဲ့သမီး Meadow ကတော့ သူငယ်ငယ်တုန်းက သူ့အဖေနဲ့ ရိုက်ထားတဲ့ပုံလေးကို ပြန်တင်ပြီး "အဖေ့ကိုချစ်တယ်"ဆိုတဲ့ ပုံစာလေးရေးထားခဲ့ပါတယ်။

E!News အင်တာဗျူးတစ်ခုမှာောတ့ Paul Walker ရဲ့ ဖခင်က "ကျွန်တော်ကတော့ သူ ကျွန်တော်တို့နဲ့ နေ့တိုင်းအတူရှိနေသလို ခံစားရပါတယ်။ သူနဲ့အတူ စကားတွေအများကြီး ပြောဖြစ်ခဲ့ကြတာတွေကို သတိရတယ်။ သူက စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူပါ။"လို့ ဆိုပါတယ်။

သူငယ်ချင်းဖြစ်တဲ့သူတွေကလည်း သူတို့ရဲ့ဆိုင်ရာဆိုင်ရာ လူမှုကွန်ယက်တွေမှာ Paul Walker နဲ့ ပတ်သက်ပြီး ရေးသားခဲ့ကြသလို Vin Diesel ကတော့ " သူမရှိတော့တာ ကျွန်တော့အတွက် ခုချိန်ထိ စကားလုံးတွေ မဲ့နေတုန်းပါ။ သူဟာ ကျွန်တော့ဘ၀အတွက် နေရာတော်တော်များများမှာ အရေးပါသူပါ"တဲ့။
အခြားအနုပညာရှင်တွေဖြစ်တဲ့ Ludacris နဲ့ Tyrese တို့ကလည်း Paul ရဲ့ ဓာတ်ပုံတွေ အသီးသီးတင်ခဲ့ကြပြီး သူတို့ ဘယ်လောက်သတိရလွမ်းဆွတ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

Credit : Trend

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top