iMyanmarHouse.com - Best Property Website for Myanmar
×














ဟောလီးဝုဒ် ဂန္တ၀င်မင်းသမီးကြီး Sharon Stone ဟာ ချစ်သူသစ်ရနေပြီဖြစ်ပြီး သူ့ရဲ့ ချစ်သူဟာ ဂန္တ၀င် ဟာသသရုပ်ဆောင်တစ်ယောက်ရဲ့ သား ဖြစ်တယ်လို့ သိရပါတယ်။

Sexy သရုပ်ဆောင် မင်းသမီးကြီး Sharon Stone ဟာ သရုပ်ဆောင် David DeLuise နဲ့ အပြင်ကို လျှောက်သွားခဲ့ပြီး လော့စ်အိန်ဂျလိစ် မြို့မှာ ရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာ ပွေ့ဖက် နမ်းရှုံ့ခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

ဒါဟာ Sharon Stone အတွက်တော့ သူမထက် ၁၃ နှစ်ငယ်တဲ့ David DeLuise နဲ့ အတူ ပထမဆုံး အကြိမ် အပြင်ထွက်ခြင်းဖြစ်ပါတယ်။ တစ်ကယ်တော့ Sharon Stone ဟာ အသက် ၁၄ နှစ် အရွယ် Roan ၊ အသက် ၉ နှစ်အရွယ် Laird နဲ့ အသက် ၈ နှစ် အရွယ် Quinn စတဲ့ သား ၃ယောက် ရဲ့ မိခင်ပါ။

Sharon Stone ရဲ့ ချစ်သူအသစ် David DeLuise ကတော့ ဟာသ သရုပ်ဆောင် မင်းသားကြီး Dom DeLuise နဲ့ မင်းသမီး Carol Arthur တို့ရဲ့ အငယ်ဆုံးသားပဲဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top