iMyanmarHouse.com - Best Property Website for Myanmar
×










၁. ကိုယ်က မှားတယ်ဆိုပြီး အမြဲတမ်း အရှုံးပေးနေတဲ့သူ မဟုတ်ဘူးကို အသိပေးဖို့လိုပါတယ်။
ကိုယ်မှာယုံကြည်မှုမရှိတဲ့အတွက် ကိုယ့်ချစ်သူရဲ့ မကောင်တဲ့အကျင့်တွေကိုလည်း ခေါင်းငုံ့ခံတာဟာ မကောင်းတဲ့ အချက်တခုပါ။ကိုယ်ကမလှလို့၊ မတော်လို့၊ ၀နေလို့ ဆိုပြီး ဒီအချက်လေးတွေကို စိတ်ထဲမှာအမြဲထားပြီးချစ်သူကပြောတာတွေကိုအကုန်လက်ခံနေတက်တယ်။
ဘာကြောင့်လဲဆိုတော့သူမှမဟုတ်တဲ့နောက်တယောက်နဲ့တွေ့ဖို့ဆိုတာလည်း လွယ်တဲ့ကိစ္စ
 မဟုတ်တဲ့အတွက်လက်လျှော့နေတာလည်းဖြစ်နိုင်ပါတယ်။သူကလည်းဒီအချက်တွေကိုအ
ခွင့်ကောင်းယူပြီးကိုယ့်ကိုအနိုင်ယူနေတာကိုလက်ပိုက်ကြည့်မနေပဲ
ကျွန်မဟာရှင်ထင်သလိုမဟုတ်ဘူးလို့ပြတ်ပြတ်သားသားပြောသင့်တယ်လို့ထင်ပါတယ်။

၂.ကိုယ်ကြိုက်တဲ့သူကိုစိတ်အေးအေးဆေးဆေးထားပြီးလေ့လာဖို့လိုအပ်ပါတယ်။
အခုခေတ်မှာသွားစရာစားစရာနေရာတွေကတဖြည်းဖြည်းများလာတဲ့အတွက် ကိုယ်နဲ့လိုက်ဖက်မယ့်သူနဲ့ တွေ့ဖို့ အခွင့်အရေးကလည်း များလာမယ်။
ဒီအခွင့်အရေးကိုချက်ချင်းအသုံးချပြီးအဖြေကိုချက်ချင်းပေးပြီးလက်ခံလိုက်တာမျိုးကိုမလုပ်သင့်ပါ
ဘူးသေသေချာချာလ့လာပြီးမှဆုံးဖြတ်သင့်တယ်လို့ ထင်ပါတယ်။

၃. ကိုယ်ကြိုက်တဲ့သူနဲ့ ဖြစ်တဲ့ ပြသာနာကို ရဲရဲရင့်ရင့် ရင်ဆိုင်ပါ။ကိုယ့်မှာတော့ ဒဏ်ရာဒဏ်ချက်တွေနဲ့ အမြဲတန်း ပြောသမျှကိုလက်ခံပြီးဖြစ်နေတဲ့ပြသာနာကိုမဖြေရှင်းပဲလက်ပိုက်ကြည့်နေတဲ့အကျင့်လေးကို
 ဖျောက်ဖျက်သင့်ပါတယ်။ပြာသင့်ပြောထိုက်တဲ့ကိစ္စကို သတ္တိရှိရှိနဲ့ ရင်ဆိုင်မှသာလျှင် ရေရည်မှာ အဆင်ပြေမယ်လို့ ထင်ပါတယ်။

၎.ချစ်သူတွေဖြစ်နေကြတဲ့သူငယ်ချင်းတွေရဲ့ကောင်းတဲ့နထိုင်သွားလာပုံကို အတုခိုးပါ။
ချစ်သူတွေဖြစ်နေကြတဲ့ သူငယ်ချင်းအတွဲနဲ့ အတူတူ သွားလာပြီး သူတို့ရဲ့ ပျော်စရာကောင်းတဲ့ အလေ့အကျင့်လေးတွေက်ု လေ့လာထားရန် ကိုယ်တိုင်လည်း တဖြည်းဖြည်း ပျော်ရွှင်လာမှာပါ။
စိတ်ကကြည်လည်ပျော်ရွှင်နေတဲ့အတွက်ကိုယ့်ဟာလည်းလူချစ်လူခင်များတဲ့ သူတယောက်ဖြစ်လာ
မှာပါ။

၅.ကိုယ်ကြိုက်တဲ့သူကိုအမြဲတမ်းဦးစားမပေးပဲလိုအပ်ရင်ကိုယ်ကလည်း ဦးဆောင်သင့်တယ်ဆိုရင် ဦးဆောင်ပါ။အမြဲတန်းသူဆန္ဒကိုတွေကိုပဲဦးစားပေးနေရင်ကိုယ်ရဲ့လိုအပ်ချက်တွေဟာသူ့အတွက်
ကတော့ ဘာမှဟုတ်တော့မှာမဟုတ်တော့ပါဘူး။ဒါမျိုးတွေ မဖြစ်ရအောင် သွားလာတဲ့နေရာမှာပဲ
 ဖြစ်ဖြစ် ဘယ်နေရာမှာ မဆို စည်းကမ်းလေးတွေကိုတော့ ထားသင့်ပါတယ်။
နှစ်ဦးနှစ်ဖက် နားလည်မှုရှိမှသာလျှင် ဆက်လျှောက်ရမဲ့ ဘဝခရီးလမ်းက ဖြောင့်ဖြူးမှာပါ။
ဒီစာသားလေးကချစ်သူအိမ်ထောင်ဖက်မရှိသေးတဲ့မိန်းကလေးတွေအတွက် ရည်ရွယ်ပါတယ်။

Credit : Chelmo Team

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top