iMyanmarHouse.com - Best Property Website for Myanmar
×











ငိုချလိုက်ခြင်းဟာ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေ ပျောက်ကင်းသွားစေတယ်ဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ။ ဒီ့အပြင် ဒါဟာ ဘက်တီးရီးယားပိုးတွေ ခုခံကာကွယ်ပေးပါတယ်။ ဒါ့အပြင် တုံ့ပြန်မှုတွေလည်း ဖြစ်စေပါတယ်။

မျက်ရည်ဆိုတာ အားနွဲ့တဲ့ အမှတ်လက္ခဏာတစ်ခု မဟုတ်သလို မကောင်းတဲ့အရာတစ်ခုလည်း လုံးဝမဟုတ်ပါဘူး။ တခါတလေ ငိုချလိုက်တာကောင်းတယ်။
ငိုကြွေးခြင်းက ဘာကြောင့်ကောင်းရသလဲဆိုတဲ့ အချက်တွေကတော့…

မျက်လုံးသန့်ရှင်းစေတယ်
မျက်ရည်တွေက antibiotic အဖြစ် ဆောင်ရွက်ပြီး မျက်လုံးထဲက အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှား ၉၅% ကို ၅ မိနစ်အတွင်း တွန်းထုတ်ပေးပါတယ်။

အမြင်အာရုံကြည်လင်စေတယ်
မျက်လုံးအမြှေးပါးတွေ ခြောက်သွေ့ခြင်း၊ မျက်ရည်ခမ်းခြောက်တဲ့အချိန် အမြင်အာရုံပြဿနာဖြစ်လာပါတယ်။ အဲဒီလိုအခြေအနေမှာ ကျွန်ုပ်တို့အမြင်ကို အသိမသာ မှုန်ဝါးလာတတ်ပါတယ်။ မျက်ရည်တွေက မျက်လုံးအမြှေးအမျှင်တွေကို စိုစွတ်နေအောင် ထိန်းသိမ်းပေးနေတာကြောင့် မျက်စိကို အစဉ်ချောစေပြီး အမြင်အာရုံကို ကြည်လင်တောက်ပစေပါတယ်။

အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်
ကျွန်ုပ်တို့ ငိုရတဲ့အကြောင်းအရင်းတွေပေါ် အခြေခံလို့ မျက်ရည်အမျိုးအစား ကွဲပြားခြားနား သွားပါတယ်။ ကြက်သွန်နီလှီးနေတုန်းထွက်တဲ့ (တန်ပြန်မျက်ရည်ဆိုရမလား) မျက်ရည်မှာ ရေ ၉၈% ပါဝင်တယ်။ စိတ်ခံစားချက်တွေကြောင့် ထွက်လာတဲ့ မျက်ရည်တွေမှာတော့ Prolactin ခေါ် စိတ်ဖိစီးမှုဟော်မုန်းတွေဖြစ်ပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top