iMyanmarHouse.com - Best Property Website for Myanmar
×










နာမည်ကျော် အဆိုတော် ရီဟားနား သီချင်းကို နားထောင်လို့ ရှိရင် နာကျင်မှုကို သက်သာ စေတယ်လို့ စစ်တမ်း တစ်ရပ်မှာ ဖော်ပြထား ပါတယ်။ ဆယ်ကျော်သက် အရွယ်တွေကို စာရင်း ပြုစုပြီး ဒီစစ်တမ်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ခွဲစိတ်မှု ခံယူထားရတဲ့ ဆယ်ကျော်သက် လူငယ်တွေကို  ချီကာဂို အခြေစိုက် ကလေးဆေးရုံ တစ်ရုံမှ မေးခွန်းများ မေးမြန်းပြီး စစ်တမ်းကို ပြုစုခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီ စစ်တမ်းရဲ့ဖော်ပြချက်အရ ပေါ့ပ်အဆိုတော် ရီဟားနားရဲ့ သီချင်းတွေဟာ ခွဲစိတ်မှု ခံယူထားရတဲ့ ဆယ်ကျော်သက်  လူငယ်တွေကို စိတ်ဓာတ် မြှင့်တင်ရာ ရောက်ပြီး နာကျင်မှုကို သက်သာစေတယ် လို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် တေလာဆွစ်ဖ်နဲ့  အခြား နာမည်ကျော်တွေရဲ့  သီချင်းတွေ ဟာလည်း နာကျင်မှုကို လျော့ပါး သက်သာစေတယ်လို့ သိရပါ တယ်။

ဒီစစ်တမ်းကို ထုတ်ပြန်ခဲ့တဲ့ ဒေါက်တာ ဆူရတ်က ဆေးရုံတွေမှာ တေးသီချင်းနဲ့ ကုသမှုတွေကို ပြုလုပ်ဖို့ စဉ်းစားသင့်နေပြီ ဖြစ်ပါတယ်။ တေးသီချင်း တွေဟာ လူတွေရဲ့ နာကျင်မှုတွေကို သက်သာစေ ပါတယ်။   ဆယ်ကျော်သက် အရွယ် လူငယ်တွေဟာ အဓိက ခွဲစိတ်မှုတွေ ခံယူပြီးတဲ့ နောက် တေးသီချင်းတွေ နားထောင်ခဲ့ရင် နာကျင်မှုတွေ လျော့ပါး သက်သာတာ လေ့လာ တွေ့ရှိရ ပါတယ် လို့ ဆိုခဲ့ပါတယ်။

အသက် ကိုးနှစ် ကနေ (၁၄) နှစ်အရွယ်ရှိ ကလေးငယ်တွေကို မေးမြန်းပြီး စစ်တမ်းပြုစုထားတာ ဖြစ်ပါတယ်။ ဒီလိုပြုစုရာမှာ ပေါ့ပ်၊ ကန်းထရီး၊ ရော့ခ်၊ ကလပ်ဆစ် စတဲ့ သီချင်း တွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

Credit : Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top