iMyanmarHouse.com - Best Property Website for Myanmar
×














 တောင်ကိုရီးယားသရုပ် ဆောင်မင်းသမီး လီဘိုယောင်း သည် ကင်ဆာရောဂါဖြစ်ပွားနေ သည့် ကလေးငယ်များအတွက် ကိုရီးယားဝမ်သန်း ၁၀၀ (အမေရိကန်ဒေါ်လာတစ်သိန်းခန့်)လှူဒါန်းခဲ့သည်။

လီဘိုယောင်းသည် ၂၀၁၄ နှစ်ကုန်တွင် ဆိုးလ်အမျိုးသား တက္ကသိုလ်ဆေးရုံရှိ ကလေးကင် ဆာရောဂါဌာနသို့ ကိုရီးယားဝမ် သန်း ၁၀၀ လှူဒါန်းခဲ့သည်ဟု ရုပ် သံတင်ဆက်သူတစ်ဦးက ပြော သည်။
လီဘိုယောင်းသည် ပထမ ဆုံးရင်သွေးလွယ်ထားစဉ် ကလေးငယ်များအတွက် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

လီဘိုယောင်းသည် ပြီးခဲ့ သည့် ဩဂုတ်ကလည်း ခင်ပွန်း ဖြစ်သူ ဂျီဆောင်းနှင့်အတူ ရေခဲ ရေပုံးလိုက်လောင်းသည့်စိန်ခေါ် မှု၌ပါဝင်၍ Seungil Hope ဖောင် ဒေးရှင်းသို့ ငွေများလှူဒါန်းခဲ့ သည်။

၂၀၀၈ တွင် လီဘိုယောင်း သည် ကုလသမဂ္ဂကလေးများရန် ပုံငွေအဖွဲ့ (UNICEF)လှုပ်ရှား မှုများ၌ ပါဝင်ခဲ့ပြီး ယင်းအဖွဲ့ အစည်းအား တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့မှုများ   ပေးခဲ့ သည်။
ပြီးခဲ့သည့် ၂၀၁၃ ကလည်း လီဘိုယောင်းသည် ကွန်ဂို ကလေးငယ်များအတွက် ကိုရီး ယားဝမ်သိန်း ၁၀၀ လှူဒါန်းပေးခဲ့ သည်။

လက်ရှိတွင် လီဘိုယောင်း သည် သရုပ်ဆောင်လုပ်ငန်းကို ယာယီရပ်နားထားပြီး ၎င်း၏ ကိုယ်ဝန်ကို ဂရုစိုက်လျက်ရှိသည် ဟု သိရသည်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top