iMyanmarHouse.com - Best Property Website for Myanmar
×














မကြာသေးခင်ကမှ Miss World 2014 ပြိုင်ပွဲကို အင်္ဂလန်မှာ သွားရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာတဲ့ ၀ိုင်းလေးက ၂၀၁၅ ထဲမှာ သူမရဲ့ တစ်ကိုယ်တော်အခွေ ထွက်ဖို့ရှိတယ်လို့ဆိုလာတာကြောင့် သူမရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းလိုက်တဲ့အခါ “ဂီတနဲ့ပတ်သတ်ပြီးတော့ကတော့ ညီမ ဟိုကပြန်လာတော့ ရှိုးပွဲလေးတွေ ပြန်ဆိုဖြစ်နေတယ်။ နောက်ပြီး ညီမရဲ့ တစ်ကိုယ်တော်ခွေလေး ဒီနှစ်ထဲမှာ ထွက်ဖို့ရှိတယ်။

 အဲ့ဒါကသီချင်းတွေကတော့ သွင်းပြီးသွားပြီ။ Mixing ပိုင်းပဲ ကျန်ပါတော့တယ်။ အခုလောလောဆယ်တော့ သီချင်းစုစုပေါင်း၂၀ လောက်ရှိတယ်။ ပြန်ရွေးထားတာကတော့ ၁၄ ပုဒ်ပေါ့။ အမျိုးအစားကတော့ သီချင်းအေးအေးလေးတွေလဲ ပါမယ်။ ညီမနဲ့လိုက်ဖက်တဲ့ pop dance လေးတွေလဲ ပါမယ်။ တေးရေးတွေကတော့ ညီမရေးထားတာတွေက ၆ ပုဒ်လောက်ပါမယ်။

တခြားတေးရေးတွေက ဆရာရွှေဂျော်ဂျော်ရယ်၊ ဆရာနောင်နောင် ( sunflower ) ၊ ကိုဆလိုင်းပါမယ်။ ကိုသောမတ်စ်ပါမယ်။ ကိုပိပိပါမယ်။ စောဖြိုးဝေကျော်၊ ဆရာခိုင်မြဲသာတို့ပေါ့။ ညီမရေးထားတာကတော့ အဆွေးရော၊ အမြူးရော ညီမရေးထားတယ်။ ဘ၀အကြောင်းလေးတွေလဲ ပါမယ်။ title ကိုတော့ ညီမ Mixingဆွဲပြီးမှပဲအနှစ်သက်ဆုံးသီချင်းကို ပေးပါမယ်။ညီမမှန်းထားတာကတော့
 မေလလောက်တော့မှန်းထားတယ်။”လို့ သူမက ပြောပြသွားပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top