iMyanmarHouse.com - Best Property Website for Myanmar
×














 သရုပ်ဆောင် တစ်ဦးဖြစ်သည့် သဉ္ဇာနွယ်ဝင်းက သူမ၏
သရုပ်ဆောင်စွမ်းရည် တိုးတက်လာခြင်းသည် ပရိသတ်များကြောင့် သာဖြစ်ကြောင်း ပြောသည်။ “ညီမရဲ့ သရုပ်ဆောင်စွမ်းရည်တွေ တိုးတက်လာတာက ပြောရမယ်ဆိုရင် ပရိသတ်တွေကြောင့်ပါ။ ဘာလို့လဲဆိုတော့ ညီမက Facebook မှာ Thinzar Naw Win ဆိုပြီး Page ထောင်ထားပါတယ်။

အဲဒီ Page မှာ ညီမရဲ့ ပရိသတ်တွေက ညီမရဲ့ Video ကား လေးတွေကိုကြည့်ပြီး ဝေဖန်ပေးကြတယ်။ ဘယ်ကားမှာတော့ ဘယ်လိုလေးသရုပ်ဆောင် လိုက်ရင် ပိုကောင်းမှာ။ ဘယ်လိုပုံစံလေးနဲ့ ဆိုလိုက်မှာ အစရှိသဖြင့်ပေါ့။ အဲလိုဝေဖန်ပေးလို့ ညီမကလည်း ပရိသတ်တွေပြောတဲ့ ပုံစံလေးတွေ အတိုင်း ကြိုးစားပြီး လုပ်တယ်။ အဲဒါကြောင့် ညီမရဲ့ သရုပ်ဆောင်စွမ်းရည်တွေ  တိုးတက်လာတယ်လို့ ပရိသတ်တွေက ပြောတာဖြစ်ပါလိမ့် မယ်။

ညီမ အခုချိန်အထိ သရုပ်ဆောင် အပိုင်းမှာ အခက်အခဲလေးတွေတော့ ရှိပါသေးတယ်။ ညီမက နယ်က လာတာဆိုတော့ ရန်ကုန်မှာသုံးတဲ့ စကားတွေ တစ်ခါတလေ  နားမလည်တာတွေ ရှိတာပေါ့။   ဒါပေမဲ့လည်း ဒါရိုက်တာတွေ၊  အတူရိုက်တဲ့ သရုပ်ဆောင်တွေကတော့ သင်ပေးပါတယ်။  ဒီထက် တိုးတက်အောင်လည်း လုပ်သွားမှာပါ ”ဟု သဉ္ဇာနွယ်ဝင်းက ပြောသည်။ သဉ္ဇာနွယ်ဝင်းသည် လက်ရှိတွင် ဒါရိုက်တာဝိုင်း ရိုက်ကူးသည့်  “၀ိဥာဉ်များနဲ့ စကားပြော” ဇာတ်ကားတွင် သရုပ်ဆောင်ထားပြီး နောက်ထပ်လည်း ဗီဒီယိုကားများ ရိုက်ကူးရန် ရှိကြောင်း ပြောသည်။

Credit : Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top