iMyanmarHouse.com - Best Property Website for Myanmar
×














ခုနောက်ပိုင်း နိုင်ငံခြားကနေ ပိုးသတ်ဆေး အဆမတန်သုံးထားတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ တင်ပို့မှုတွေ ပိုပိုများလာပါတယ်။ ဒီ့အတွက်ကြောင့် ကျွန်ုပ်တို့ ဝယ်ယူထားတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးနဲ့ ကိုက်ညီမှု ရှိရဲ့လားဆိုတဲ့ ကြောက်စိတ်က လုံးလုံး ဝင်သွားပါတော့တယ်။

စိတ်သက်သာရာရဖို့နဲ့ မိမိတို့ တို့ စားသုံးမယ့် အစားအစာမှန်သမျှ ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိစေဖို့ ဒီနည်းလေးသုံးကြည့်ဖို့ အကြံပြုလိုက်ရပါတယ်။ရေနဲ့ ရှာလကာရည် ဗူးအဖုံးတစ်ခုစာကို ဇလုံတစ်ခုထဲ ရောပြီး  သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို အဲဒီထဲ စိမ်ပေးပါ။ ဒီလို ၁၅ မိနစ်လောက်စိမ်ပြီးရင်သစ်သီးသို့မဟုတ်ဟင်းသီးဟင်းရွက်တွေကို ရေနဲ့ ကောင်းကောင်းပြန်ဆေးပေးရပါမယ်။
 
ရှာလကာရည်က သစ်သီးနဲ့ ဟင်းသီးဟင်ရွက်တွေပေါ်ကပ်နေတဲ့ ဘက်တီးရီးယားနဲ့ ပိုးသတ်ဆေး ၉၈% ကို သုတ်သင်ဖယ်ရှားပေးပါတယ်။ ဒီနည်းဖြင့် မိမိစားသုံးမယ့် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေဟာ ကျန်းမာရေးနဲ့ ပိုမိုညီညွတ်လာတာ တွေ့ရပါလိမ့်မယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top