iMyanmarHouse.com - Best Property Website for Myanmar
×










၁။ ဖိနပ်တစ်ရံကိုကြည့်ရင် လူတွေရဲ့အကြောင်းကို အနီးစပ်ဆုံးခန့် မှန်းနိုင်တာမို့လို့ သင်ရဲ့ဖိနပ်တစ်ရံကို ကောင်းမွန်တဲ့အရံရွေးချယ် တတ်ပါစေ။

၂။ သင့်ရဲ့တစ်နေ့တာမှာ နာရီပေါင်း ၁၁ နာရီကြာ ထိုင်နေမိရင် တော့ နောက်သုံးနှစ်အတွင်း သေဆုံးဖို့ ၅၀ ရာခိုင်နှုန်းသေချာနေ ပါပြီ။

၃။ ဟောဒီ ကမ္ဘာကြီးထဲမှာ သင်နဲ့ရုပ်တူတဲ့သူ အနည်းဆုံးခြောက် ယောက်လောက်ရှိပါတယ်။ သင့်ဘဝသက်တမ်းတစ်လျှောက်မှာ ဒီ ထဲက တစ်ယောက်နဲ့ ဆုံတွေ့နိုင်ဖို့ ၉ ရာခိုင်နှုန်းရှိနေပါတယ်။

၎။ အစာအိမ်ထဲက အစာချေရည် အက်စစ်ရဲ့ပြင်းအားက ဘလိတ် ဓါးတစ်ချောင်းကိုတောင် အရည်ပျော်စေနိုင်ပါတယ်။

၅။ လူသားတွေရဲ့ ဦးနှောက်အသိဥာဏ် သတိမထားနိုင်မှု သုံးမျိုး က သွားရည်ကျစရာ အစားအသောက်၊ စွဲဆောင်မှုပြင်းထန်တဲ့ မိန်း ကလေးနဲ့ ရုတ်တရက်ဝင်လာတဲ့ အန္တရာယ်တွေပါပဲ။

၆။ ညာသန်တဲ့ လူတွေတော်တော်များများက ညာဘက်သွားနဲ့ပဲ အစာဝါးချေလေ့ရှိပါတယ်။

၇။ အနံ့ဆိုးထွက်တဲ့ ရှုးဖိနပ်တို့၊ အားကစားခန်းမသုံး သဲအိတ်တို့ အနားမှာ လက်ဖက်ခြောက်အိတ်ကို ထားပေးလိုက်ရင် အနံ့ဆိုး များပျောက်ကင်းသွားပါလိမ့်မယ်။

၈။ ကျွန်တော်တို့ စားသုံးနေတဲ့ ပန်းသီးမျိုးစိပ်ပေါင်းများစွာရှိပါတယ်။ အဲ့ဒီ ပန်းသီးတွေရဲ့ မျိုးစိပ်အသစ်သစ်တွေကို တစ်နေ့တစ်မျိုးစား ရင်တောင် နှစ်ပေါင်း ၂၀ လောက်မှ အကုန်လုံး စားကုန်ပါလိမ့်မယ်။

၉။ ပျင်းရိခြင်းနဲ့ တက်ကြွမှု မရှိခြင်းက ဆေးလိပ်သောက်ခြင်းထပ် ပိုပြီး လူကိုသေစေပါတယ်။

၁၀။ လူသားတွေရဲ့ မှတ်ဥာဏ်က သတင်းအချက်အလက်တွေ ရှာ ဖွေနိုင်တဲ့ ဝီကီပီးဒီးယားရဲ့ အချက်အလက်သိုလှောင်မှုထက် ငါးဆ ပိုပြီး ထည့်သွင်းနိုင်ပါတယ်။

Credit : ဖိုးသူတော် (www.phothutaw.com)


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top