iMyanmarHouse.com - Best Property Website for Myanmar
×











ခုခံစွမ်းအားကို မြင့်မားစေတယ်
သခွားမွှေးသီးမှာ ဗီတာမင်စီကြွယ်ဝစွာပါဝင်ပြီးခန္ဓာကိုယ်တွင်းရှိ သွေးဖြူဥတွေကို လှုံ့ဆော်ပေးလို့ခုခံစွမ်းအားကို မြင့်မားစေပါတယ်။ သွေးဖြူဥကခန္ဓာကိုယ်တွင်းသို့ ပြင်ပက ၀တ္ထုပစ္စည်းမ၀င်ရောက်နိုင်အောင် ခုခံကာကွယ်ပေးထားပါတယ်။ ဗီတာမင် စီက အင်တီအောက်ဆီးဒင့်ဖြစ်ပြီး ခန္ဓာကိုယ်တွင်းဓာတ်တိုး ဖြစ်စဉ်တွေ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ပါတယ်။

စိတ်ဖိစီးမှုကို တိုက်ထုတ်ပေးတယ်
သခွားမွှေးသီးမှာ ပိုတက်စီယမ်များစွာ ပါဝင်ပြီး နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေလို့ ဦးနှောက်ဆီ အောက်ဆီဂျင်တွေ ပို့ဆောင်မှုကို ကောင်းမွန်စေပါတယ်။ အဲဒီလိုလုပ်ဆောင်
မှုတွေကြောင့် စိတ်နဲ့ခန္ဓာကိုယ်ကို အနားရစေပါတယ်။ စိတ်ဖိစီးမှုကြောင့် ဆဲလ်တွေ ပျက်
စီးမှုကနေလည်း ကာကွယ်ပေးပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေးတယ်
သခွားမွှေးသီးမှာ ဘီတာကယ်ရိုတင်းနဲ့ ဗီတာမင် စီ အင်တီအောက်ဆီးဒင့်တွေ များစွာပါ
ဝင်လို့ ခန္ဓာကိုယ်တွင်း ဓာတ်တိုးဖြစ်စဉ်တွေကို တားဆီးပေးပါတယ်။ ဓာတ်တိုးပစ္စည်းတွေကခန္ဓာကိုယ်တွင်းဆဲလ်တွေကိုတိုက်ခိုက်ပြီးကင်ဆာဖြစ်ပွားစေနိုင်ပါတယ်။

မျက်စိကျန်းမာရေးကို ကောင်းမွန်စေတယ်
သခွားမွှေးသီးမှာဘီတာကယ်ရိုတင်းပါဝင်ပြီးမျက်စိကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ခန္ဓာကိုယ်ထဲမှာဘီတာကယ်ရိုတင်းကဗီတာမင် အေအဖြစ် ပြောင်းလဲသွားကာ မျက်စိအတွင်းတိမ်မဖြစ်အောင် ကာကွယ် ပေးပါတယ်။ လေ့လာမှုအရ ဗီတာမင် အေ ကြွယ်ဝတဲ့ အစာတွေကို နေ့စဉ်ပါဝင်အောင် စားသုံးတာက မျက်စိတိမ်စွဲနိုင်ခြေ ၄၀ ရာခိုင်နှုန်း လျော့နည်းစေ
တယ်လို့ သိရပါတယ်။

အဆုတ်အားကောင်းစေတယ်
သခွားမွှေးသီးစားသုံးတာက ဆေးလိပ်သောက်တာဒါမှမဟုတ်တစ်ဆင့်ခံ
ဆေးလိပ်ငွေ့ရှူရှိုက်ရတာ တွေကြောင့်ဗီတာမင် အေဆုံးရှုံးမှုကို ပြန်လည်ဖြည့်
တင်းပေးပါတယ်။ ဆေးလိပ်သောက်သူတွေအနေနဲ့ သခွားမွှေးသီးစားပေးတာက အဆုတ်ပျက်စီးမှုကို လျော့နည်းစေပြီး အဆုတ်အား ကောင်းမွန်စေပါတယ်။

ကိုယ်ဝန်ဆောင်ချိန် စားသုံးသင့်တယ်
အမျိုးသမီးတွေသားသမီးယူဖို့ကြိုးစားနေချိန်ကတည်းကခန္ဓာကိုယ်မှာ ဖောလစ်
အက်ဆစ်လုံလောက်နေဖို့ လိုပါတယ်။သခွားမွှေးသီးမှာ ဖောလိတ်များစွာပါဝင်လို့ ဆဲလ်တွေ မပျက်စီးအောင် ထိန်းပေးပြီး ဆဲလ်သစ်ဖြစ်ပေါ်မှုကို အားပေးပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ဖောလိတ်မလုံလောက်ပါကသန္ဓေသားမှာ မွေးရာပါချို့
ယွင်းမှုကို ဖြစ်စေပါတယ်။သခွားမွှေးသီးကခန္ဓာကိုယ်ကိုရေဓာတ်ဖြည့်ပေးပြီး ခန္ဓာကိုယ်တွင်းမှ
ပိုလျှံနေတဲ့ ဆိုဒီယမ်တွေကို ဖယ်ထုတ်ပေးပါတယ်။

သန်ကောင်များကို ဖယ်ရှားပေးတယ်
သခွားမွှေးသီးဖြစ်စေ၊သခွားမွှေးသီးအစေ့ဖြစ်စေစားပေးပါကအူလမ်းကြောင်းထဲရှိ သန်ကောင်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ချောင်းဆိုးတာ၊ ဖျားနာတာနဲ့ အစာမကြေဖြစ်တာတွေအတွက်လည်း သက်သာ စေပါတယ်။

Credit : MOI Webportal Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top