iMyanmarHouse.com - Best Property Website for Myanmar
×














တက်သစ်စ မင်းသမီး ဖြစ်သည့် ရတနာဗိုက ပျိုးခင်း (၂) မင်းသမီးများနှင့် အတူ ပထမဆုံး သရုပ်ဆောင် ထားသည့် ဇာတ်ကားတွင် ခပ်ဆိုးဆိုး အသွင်နှင့် မာယာများသည့် ပုံစံဖြင့် သရုပ်ဆောင် ထားကြောင်း ပြောသည်။

 ညီမတို့ ပျိုးခင်းက မင်းသမီး သုံးယောက်နဲ့  ကိုလူမင်းနဲ့ ရိုက်ထား တာပါ။ ဇာတ်ကားလေး ကတော့ ပြီးသွားပါပြီ။  ဒီကားလေးက ညီမတို့ သုံးယောက် ဆုံတဲ့ ပထမဆုံး ကားလေး ပါ။ ညီမကတော့ အဲဒီကားထဲမှာ  မှောင်ခိုဂိုဏ်း ခေါင်းဆောင်ရဲ့ ညီမ ပေါ့နော်။ အရမ်း တော်တယ်။ အရမ်း မာယာများတယ်။ ခပ်ဆိုးဆိုး ကောင်မလေးပုံကို သရုပ်ဆောင်ထား ပါတယ်။ အဲဒီ  ကာရိုက်တာလေး ကတော့ ညီမ အပြင်က ပုံစံနဲ့တော့ ပြောင်းပြန်ပေါ့ နော်။ အဲဒီ ကာရိုက်တာ အတွက်လည်း ညီမ အားရခဲ့ပါတယ်။

အန်ကယ်လေးတို့၊ ဒါရိုက်တာတွေ ကလည်း သင်ပေးပါတယ်။  ညီမ ကိုယ်တိုင် ကလည်း အတတ်နိုင်ဆုံး ကြိုးစား လုပ်ထား ပါတယ်။ ရှေ့ဆက်ပြီး တော့လည်း ဆရာတွေရဲ့ လမ်းညွှန်မှုနဲ့ပဲ  လျှောက်လှမ်းသွား မှာပါ။ လက်ရှိ ကတော့ ညီမက ပေါ့ပေါ့ပါးပါး ဖန်စီလေးတွေပဲ ရိုက်နေတာ ပေါ့ နော်။ အစုံတော့ ရိုက်ချင် ပါတယ်။ ပရိသတ် ကလည်း ကိုယ့်ကို သိလာတဲ့ အတွက်ကြောင့် ဒီထက်မက ကောင်းအောင်လို့  လုပ်ဆောင်မှာပါ။  ပရိသတ်တွေ မျှော်လင့်ရ ကျိုးနပ်အောင် လုပ်မှာပါ။

ကိုလံဘို ကိုလည်း  ကြော်ငြာရိုက်သွားဖို့ ရှိပါတယ်။ မန္တလေး မှာလည်း ဇာတ်ကားသွား ရိုက်ဖို့ ရှိပါတယ် ဟု ရတနာဗိုက ပြောသည်။ ရတနာဗိုသည် ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးသည့် I am ဘခက်  ဇာတ်ကားတွင် အကယ်ဒမီ လူမင်း၊ ရွှေသမီး၊ ပိုင်ဖြိုးသုတို့နှင့် အတူ သရုပ်ဆောင် ထားကြောင်း ပြောသည်။

Credit : Messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top