iMyanmarHouse.com - Best Property Website for Myanmar
×












သင့်အိမ်မှာ သံပရာသီး ဒါမှမဟုတ် ရှောက်သီး ရှိနေရင် ထမင်းစားပြီးတဲ့အခါ ဖျော်ရည် ဖျော်သောက် ပေးပါ။ အကြောင်းကတော့ သံပရာရည်၊ ရှောက်ရည်ဟာ သွေးတွင်း သကြားဓာတ်ကို လျော့ကျစေပါတယ်။ သံပရာရည် ထမင်းစားဇွန်း လေးဇွန်းမှာ သင့်အတွက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်စီ တစ်ဝက်နီးပါး ပါဝင်နေပါတယ်။

ဗီတာမင်စီလို အင်တီ အောက်ဆီးဒင့်ဟာ သွေးလွှတ်ကြော နံရံတွေမှာ ကပ်ငြိတတ်တဲ့ ကိုလက်စထရော ပမာဏကို လျော့ကျ စေပါတယ်။ သံပရာသီး၊ ရှောက်သီးမှာ သဘာဝအတိုင်း ရောဂါ ကာကွယ်ပေးမယ့် လီမိုနင်း ဒြပ်ပေါင်းလည်း များစွာ ပါဝင်နေတာကြောင့် သွေးတွင်း ကိုလက်စထရော ပမာဏကို လျော့ကျစေပြီး ကင်ဆာ ကာကွယ်နိုင်စွမ်းလည်း ရှိကြောင်း လေ့လာမှုတွေက ဆိုပါတယ်။

သံပရာရည်၊ ရှောက်ရည်ဟာ ဆီးကနေ ကယ်လ်စီယမ် ထွက်နှုန်း လျော့ကျစေတာကြောင့် ကျောက်ကပ် ကျောက်တည်တာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သံပရာသီး၊ ရှောက်သီးမှာပါတဲ့ ရူတင် ဒြပ်ပေါင်းဟာ သွေးပြန်ကြောနဲ့ ဆံခြည်မျှင် သွေးကြော နံရံတွေကို သန်စွမ်းစေကာ သွေးကြော ထုံးတာကြောင့် နာကျင်တာနဲ့ ပြင်းထန်မှု အဆင့်ကို လျှော့ကျ စေပါတယ်။

Credit : Good Health

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top