iMyanmarHouse.com - Best Property Website for Myanmar
×















 နန်းသူဇာနှင့် နန်းမြတ်ဖြိုးတို့၏ ‘သူငယ်ချင်း’တေးစီးရီး ဒီဗီဒီကို ဇန်နဝါရီ ၂၅ ရက်တွင် စတင်ဖြန့်ချိပေးမည်ဖြစ်ပြီး ယင်းအခွေအတွက် အကျိုးအမြတ် အနေဖြင့် ပရိသတ်ပို၍ရချင်ကြောင်းနန်းသူဇာက ပြောသည်။

‘‘ဒီအခွေလေးကို နန်းသူဇာတို့ရဲ့ ကိုယ့်အနုပညာကြေးနဲ့ပဲ အိတ်စိုက်ရိုက်ထားရတာပါ။ ဒီအခွေမှာ ကြိုးစားထားတာဆိုတော့ ပရိသတ်တွေရဲ့ တုံ့ပြန်မှုကိုလည်း အများကြီးမျှော်လင့်ပါ တယ်။ အကျိုးအမြတ်အနေနဲ့ကတော့ ပရိသတ်ပိုပြီးရချင်ပါတယ်’’ဟု နန်းသူဇာက ပြော သည်။
သူငယ်ချင်း အော်ဒီယိုထွက် ရှိခဲ့စဉ်က ပရိသတ်အားပေးမှုရရှိ ခဲ့သည့် ‘လာလာ မလာလာ’ သီချင်းကို နေတိုးနှင့်ရိုက်ကူးထား ပြီး ယင်းသီချင်းရိုက်ကူးစဉ်က ရာသီဥတုအခြေအနေကြောင့် အခက်အခဲအချို့ရှိခဲ့ကြောင်း နန်းသူဇာက ပြောသည်။

‘‘လာလာ မလာလာ ရိုက်တုန်းက မုန်တိုင်းရှိတဲ့သုံးရက် စလုံးနဲ့ တိုက်နေတာ။ ကျန်တဲ့ရက်တွေနေသာတယ်။ အဲဒီရက်မှာ ကိုနေတိုးကလည်း တစ်ရက်ပဲအားတာဆိုတော့ မိုးခိုလိုက်၊ ရိုက်လိုက်လုပ်ခဲ့ရတယ်။ ကိုနေတိုးအပိုင်းတွေ အရင်ရအောင် ရိုက်လိုက်ရတယ်။ နောက်ရက်တွေရိုက်တော့လည်း မိုးရွာတာနဲ့ အခက်အခဲတွေရှိပေမယ့် ပြန် ကြည့်တဲ့အချိန်မှာတော့ ကျေနပ်ပါတယ်’’ဟု နန်းသူဇာက ပြောသည်။

ယင်းသီချင်းတွင် နေတိုးက မေတ္တာဖြင့်ပါဝင်သရုပ်ဆောင်ပေးခြင်းဖြစ်သောကြောင့် ကျေးဇူးတင်ကြောင်း သူငယ်ချင်းတေးစီးရီးတွင် ပါဝင်သီဆိုထားသည့် နန်းမြတ်ဖြိုးသင်းက ပြောသည်။
သူငယ်ချင်းတေးစီးရီး အော် ဒီယိုဖြန့်ချိစဉ်က သီချင်း ၁၆ ပုဒ် ပါဝင်သော်လည်း ဒီဗီဒီထွက်ရှိချိန်တွင် ၁၃ ပုဒ်သာပါဝင်မည်ဟု ၎င်းက ပြောသည်။

ယင်းအခွေစတင်ဖြန့်ချိမည့် ဇန်နဝါရီ ၂၅ ရက်ညနေတွင် ဒဂုံ စင်တာ(၂)၌ ပရိုမိုးရှင်းပွဲပြုလုပ် ပေးမည်ဖြစ်ပြီး အခွေဝယ်ယူအား ပေးသူများအတွက် ကံစမ်းမဲအစီ အစဉ်များ ထည့်ပေးထားကြောင်း ၎င်းတို့က ပြောသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top