iMyanmarHouse.com - Best Property Website for Myanmar
×











 ဟောလိဝုဒ် စူပါစတားစုံတွဲတစ်တွဲဖြစ်သော အန်ဂျလီနာဂျိုလီနှင့် ဘရက်ပစ်တို့သည် ၂၀၁၄ ဩဂုတ်တွင် ပြင်သစ်နိုင်ငံတွင် မင်္ဂလာမဆောင်မီ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၌ လက်ထပ်ခဲ့ကြ သည်။

‘‘ကလေးတွေနဲ့ ပြင်သစ်မှာ မင်္ဂလာပွဲမကျင်းပခင် ဘရက်နဲ့ကျွန်မ ကယ်လီဖိုးနီးယားမှာ လက်ထပ်ခဲ့ပြီးပါပြီ။ အမေရိကန်နိုင်ငံသားတွေဆိုတော့ ပြင်သစ် မှာ တရားဝင်လက်ထပ်လို့မရဘူး လေ’’ဟု ဂျိုလီက အီတလီမဂ္ဂဇင်း Io Donna အား ပြောကြားခဲ့ ကြောင်း Us Weekly သတင်းက ဖော်ပြသည်။

ဂျိုလီ၏ အသေးစိတ်ပြန်လည်ပြောကြားချက်အရ ၎င်းတို့ စုံတွဲ၏ ပထမဆုံးမင်္ဂလာပွဲမှာ အမှတ်မထင်ဖြစ်သော ပွဲတစ်ပွဲ ဟု သိရသည်။

‘‘တစ်နေ့မှာ ကျွန်မတို့တွေ ညနေ ၄ နာရီခွဲလောက် တွေ့ကြရအောင်လို့ ကျွန်မက ဘရက်ကို ပြောလိုက်တယ်။ ကျွန်မ တရားသူကြီးတစ်ဦးကို ဖုန်းဆက်ခေါ်ခဲ့ပြီး ကျွန်မတို့တွေ လက်ထပ်စာချုပ်တွေမှာ လက်မှတ်ရေးထိုးခဲ့ကြတယ်’’ဟု ဂျိုလီက ဖွင့်ဟ ပြောကြားသည်။ ဂျိုလီတို့စုံတွဲသည် ကယ်လီဖိုးနီးယား၌ တရားဝင်လက်ထပ်ခဲ့ပြီး ဩဂုတ် ၂၃ ရက်တွင် ပြင်သစ်နိုင်ငံ ကော်ရန်းအရပ်ရှိ ဂျိုလီ-ပစ်မိသားစု၏ ခြံဝင်းကြီးထဲ၌ သားသမီးခြောက်ဦးနှင့် ဧည့်သည် ၂၀ ဦးရှေ့မှောက်တွင် ပျော်ရွှင်ဖွယ် မင်္ဂလာပွဲကို ဆင်နွှဲခဲ့ကြောင်း ဂျိုလီ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် က အတည်ပြုပြောကြားသည်။  

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top