iMyanmarHouse.com - Best Property Website for Myanmar
×










အသားမာကို အရွယ်ရောက်ပြီး သူတွေမှာ အတွေ့များပြီး ပေါက်ပြီဆိုရင် မသက်မသာဖြစ်တတ်ကြပါတယ်။ အသားမာက များသောအားဖြင့် လက်တွေ၊ ခြေချောင်းတွေနဲ့ လည်ပင်းတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ အမြစ်ဖြုတ် ဖယ်ရှားကုသဖို့ဆိုရင် အချိန်လည်းကြာသလို တခါတလေ နာကျင်မှုလည်း ဖြစ်စေနိုင်ပါတယ်။
အသားမာတွေကို ဖယ်ထုတ်ပြီးတဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ တခြားနေရာပြောင်း ပြန်ပေါက်တာတွေ မကြာခဏ ဖြစ်တတ်ပါတယ်။ နည်းမျိုးစုံ သုံးကြိုးစား ဖယ်ထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးဆိုရင်  သင့်အတွက် အမှန်တကယ် အသုံးတည့်မယ့် သဘာဝဆေးနည်း အချို့ဖော်ပြပေးပါရစေ။

(၁) သဖန်းသီးနဲ့ မုန်လာဥဖျော်ရည်
သဖန်းသီးကို ထုချေပြီး မုန်လာဥဖျော်ရည်နဲ့ ရောမွှေပါ။ ပျစ်ချွဲချွဲ အရည်ရလာပါလိမ့်မယ်။ အဲဒီအရည်ကို အနာပေါ်လိမ်းပေးပါ။ အသားမာပေါက်တဲ့နေရာက လက်နဲ့ ခြေထောက်တွေဆိုရင် ဆေးကို အဝတ်စတစ်ခုပေါ် တင်ထားပြီး အနာပေါ် အုပ်စည်းထားပေးရပါမယ်။ တစ်နာရီလောက်ထားပြီးရင်တော့ ရေနဲ့ဆေးကြောသန့်စင်ပေးပါ။

(၂) လတ်ဆတ်သော ကြက်သွန်ဖြူ
ကြွက်သွန်ဖြူကို ထုချေပြီး အသားမာပေါ် ညတိုင်းလိမ်းပေးနိုင်ပါတယ်။ အသားမာရှိတဲ့နေရာဟာ အဝတ်စနဲ့ ပတ်စည်းဖို့ အဆင်မပြေတဲ့နေရာ တစ်ခုခုဖြစ်နေပါက အိပ်ယာဝင်ခါနီး လိမ်းပြီး တန်းအိပ်ရင် အဆင်ပြေပါတယ်။ မနက်အိပ်ယာနိုးရင် ရေနဲ့ ဆေးကြောပါ။  အသားမာက လည်ပင်း သို့မဟုတ် မျက်နှာပေါ်ဖြစ်နေပါက တစ်နာရီလောက် အုပ်ထားပေးပါ။

(၃) နာနတ်သီးနဲ့ ဂျင်းဖျော်ရည်
နာနတ်သီးနဲ့ ဂျင်းဖျော်ရည်ပြုလုပ်ပြီး ဂွင်းပတ်နဲ့ အသားမာပေါ် လိမ်းပေးပါ။

(၄) ကြက်ဆူဆီ
အသားမာဖယ်ရှားဖို့ အလွန်ကောင်းမွန်တဲ့ ဆေးတစ်ခုပဲဖြစ်ပါတယ်။

(၅) အာလူး
အာလူးစိမ်းတစ်လုံးကို နှစ်ခြမ်းခြမ်းပြီး အသားမာပေါ် ပွတ်လိမ်းပေးပါ။ ပြီးရင် သဲခြောက်တွေနဲ့ အသားမာခြောက်သွေ့လာအောင် အပေါ်က ဖို့ထားပေးပါ။ အသားမာကို လုံးဝပျောက်ချင်ရင် အဲဒီနည်းအတိုင်း တစ်ပတ်ခန့် ပုံမှန်လုပ်ပေးပါ။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top