iMyanmarHouse.com - Best Property Website for Myanmar
×














 တောင်ကိုရီးယားသရုပ် ဆောင်မင်းသား ဂျင်ထယ်ဟွန်းက ချစ်သူပတ်ရှီအွန်းနှင့် ၂၀၁၅ ပထမနှစ်ဝက်အတွင်း   သေချာပေါက်လက်ထပ်မည်ဟု တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောကြားခဲ့သည်။

တောင်ကိုရီးယား  သရုပ် ဆောင်များဖြစ်ကြသော    ဂျင် ထယ်ဟွန်းနှင့် ပတ်ရှီအွန်းတို့ သည် ၂၀၁၀ ပြည့်နှစ်တွင် SBS ရုပ်သံလိုင်း၏ Pure Pumpkin Flower ဇာတ်လမ်းတွဲ၌ ပူးတွဲ သရုပ်ဆောင်စဉ် စတင်တွေ့ဆုံခဲ့ ကြသူများဖြစ်ပြီး ၂၀၁၂ ဧပြီတွင် ချစ်ကြိုက်နေကြကြောင်း လူသိရှင်ကြားကြေညာခဲ့သည်။

ဂျင်ထယ်ဟွန်းသည် ၎င်း၏ လူမှုမီဒီယာ SNS မှတစ်ဆင့် ပတ် ရှီအွန်းနှင့် စုံတွဲပုံကိုဖော်ပြခဲ့ပြီး ၎င်းတို့စုံတွဲ၏   ပတ်သက်မှုအ ကြောင်းကိုလည်း    ပြန်လည်ဝေ မျှခဲ့သည်။

‘‘ကျွန်တော်တို့တွေ မင်္ဂလာ ဆောင်မယ့်နေ့ရက်အတိအကျ ကို    မဆုံးဖြတ်ရသေးပါဘူး။ ဘာကိစ္စပဲရှိရှိ ဒီနှစ်ထဲမှာတော့ မင်္ဂလာပွဲဖြစ်မှာပါ။     ၂၀၁၅ ပထမနှစ်ဝက်အတွင်းမှာ မင်္ဂလာ ဆောင်ဖို့ စီစဉ်ထားတယ်’’ဟု ဂျင် ထယ်ဟွန်းက ပြောကြားသည်။

‘‘ကျွန်တော် ကျွန်တော့်ချစ် သူရှီအွန်းကို ဘာလို့အကောင်းဆုံး သူငယ်ချင်းလို့ ခေါ်ရတာလဲဆို တော့ ခင်ဗျားတို့တွေကျောင်း တက်တုန်းက ခင်ဗျားတို့တွေနဲ့ အရာရာတိုင်းကို တပူးပူးတတွဲတွဲ လုပ်တဲ့သူကို ဘယ်လိုခေါ်လဲ။ အကောင်းဆုံးသူငယ်ချင်းလို့ခေါ် တယ်မဟုတ်လား။ အဲဒီလိုပဲ ရှီအွန်းကလည်း ကျွန်တော်နဲ့ အမြဲအတူတူရှိနေလို့ အကောင်း ဆုံးသူငယ်ချင်းလို့ခေါ်တာပါ’’ဟု ဂျင်ထယ်ဟွန်းက     ပြောကြား သည်။

၎င်းတို့၏ မင်္ဂလာပွဲသည် အကျဉ်းချုံးသဘောမျိုးသာဖြစ် မည်ဖြစ်သော်လည်း  မင်္ဂလာပွဲဓာတ်ပုံများကိုမူ ပြန်လည်ဖော်ပြ သွားမည်ဟု ဂျင်ထယ်ဟွန်းက ပြောကြားခဲ့သည်။

Credit: 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top