iMyanmarHouse.com - Best Property Website for Myanmar
×














လူတိုင်းမှာ အိမ်ထောင်သည်တိုင်းမှာ ကိုယ့်ရဲ့ခံယူချက်နဲ့ အသက်ရှည်နေကြတာပါ။ကလေးကိုလိုချင်တယ် မလိုချင်ဘူးဆိုတာကိုသူများကဆုံးဖြတ်တာမဟုတ်ပဲမိမိကိုယ်တိုင်သာဆုံးဖြတ်ရမှာပါ။နိုင်ငံကြီးတွေမှာတော့ ကလေးမယူသော လင်မယားကို (DINKS) လို့ခေါ်ကြပါတယ်။ ကလေးမယူပဲ အလုပ်နဲ့ ကိုယ့်ရဲ့အချိန်ကို အလေးပေးပြီး နေထိုင်တာကို ခုံမင်သောသူများလဲရှိပါတယ်။

ဒါပင်မဲ့ ပတ်ဝန်းကျင်က လက်ထပ်လိုက်ပြီဆိုလျှင် ကလေးယူရမယ်ဆိုတဲ့ မမြင်ရတဲ့ စကားတစ်ခွန်းက အမြဲတမ်း ခြိမ်းခြောက်နေမှာပါ။အထူးသဖြင့် အသက် ၃၀ ကျော်သွားတဲ့အခါမှာတော့ ဒီစကားလုံးတွေက ပိုပြီး စိတ်ဆင်းရဲနေရသူတွေလည်း ရှိပါလိမ့်မယ်။ဒီလိုမျိုးအချိန်မှာ မကြားချင်သော စကားတွေကတော့ အောက်မှာရေးထားတဲ့အတိုင်းပါပဲ။

၀၁. ကလေးရှိတယ်ဆိုတာ ဘဝမှာ အဓိပ္ပာယ်အရှိဆုံးပါလို့ ပြောခံရလျှင်
ကလေးကို လိုချင်တဲ့သူရှိသလို မလိုချင်ပဲ ကိုယ့်ရဲ့အချိန်ကို အခြားသောနေရာမှာ အသုံးချချင်သူအိမ်ထောင်သည်တွေ အတွက်ကတော့ မကြားချင်သော စကားတစ်ခွန်းဖြစ်မှာပါ။

၀၂. ဘာတာဝန်မှ မရှိတော့ တော်တော်ပေါ့မှာပဲနော်။ အားကျလိုက်တာ့လို့ ပြောခံရလျှင်
လောကကြီးမှာ ကလေးမယူတာကြောင့် မိသားစုရဲ့တာဝန်ကို မယူဘူးဆိုတာ မဟုတ်ပါ။ကလေးမယူသူတွေမှာလည်း အလုပ်ရဲ့တာဝန် အိမ်ရဲ့တာဝန် စသည်ဖြင့် တာဝန်ကိုယ်စီနဲ့ နေ့စဉ်လှုပ်ရှားနေရတာပါ။

၀၃. သိပ်အချိန်မရှိတော့ဘူးနော် လို့ပြောခံရလျှင်
ဒီလိုပြောသောသူကတော့ လူစိတ်ကောရှိသေးရဲ့လားလို့ထင်ပါတယ်။ ကလေးယူဖို့ကြိုးစားနေသူလည်းရှိမှာပါ။လိုချင်ပင်မဲ့မရသောသူအတွက်က စော်ကားခံရတာနဲ့တူပါတယ်။

၀၄. မိခင်ကောင်းဖြစ်မှာပါလို့ ပြောခံရလျှင်
ဒီစကားလုံးလေးက အားပေးတဲ့စကားလုံးလေးမဟုတ်ပဲ ပိုပြီး စိတ်ဖိစီးမူကို ဖြစ်စေမှာ အမှန်ပါ။

၀၅. နည်းနည်းကြာရင် စိတ်ပြောင်းသွားမှာပါလို့ ပြောခံရလျှင်
ဒီစကားလုံးလေးက အားရှိစေမဲ့စကားလုံးလေးလို့ ထင်ရပင်မဲ့ မြန်မြန်ကလေးယူလို့ပြောနေတာနဲ့အတူတူပါပဲ။

၀၆. လွတ်လွတ်လပ်လပ်နေရတာကို အားကျတယ်ကွာလို့ ပြောခံရလျှင်
မိခင်တွေကတော့ ကလေးအတွက်နှင့် အချိန်တွေကို ကုန်ဆုံးရတာ အမှန်ပါ။ဒါပင်မဲ့ ကလေးမရှိ၊ ကလေးမယူသောသူမှာလဲ သူ့အကြောင်းနဲ့သူရှိပါတယ်။ အချိန်ကို အသုံးချပုံက တယောက်နဲ့တယောက် မတူတာပဲရှိပါတယ်။

၀၇. ငါလည်း အိပ်ယာကို ထချင်တဲ့အချိန်မှ ထချင်လိုက်တာကွာလို့ ပြောခံရလျှင်
မိခင်တွေက ကလေးအတွက် မနက်စောစောကနေ အားလုံးကို အဆင်ပြေအောင် ကြိုးစားရတာပါ။ဒါပင်မဲ့ ကလေးမရှိတဲ့ သူငယ်ချင်းကိုတော့ ဒီစကားမျိုးကို မပြောသင့်ပါ။ကိုယ်ချင်းစာသင့်ပါတယ်။

၀၈. ပျင်းစရာကောင်းမှာပဲနော်လို့ ပြောခံရလျှင်
ကလေးမရှိတာကြောင့် ပျင်းစရာကောင်းလားဆိုတော့လည်း မဟုတ်ပါ။ သတိထားသင့်ပါတယ်။

၀၉. ကိုယ်အသက်ကြီးလာရင် ကိုယ်ကို ပြုစုမယ့်သူမရှိရင် ဘယ်လိုလုပ်မလဲလို့ ပြောခံရလျှင်
မိဘနဲ့ကလေးဆိုတာ အမြဲတမ်း ပတ်သက်နေပင်မဲ့ အခုခေတ်မှာ ကလေးကမိဘကို စောင့်ရှောက်မယ်လို့ဆိုတာလည်း အာမခံရထားတာ မဟုတ်ပါ။

၁၀. ငါလည်း ငယ်တုန်းကတော့ အဲဒီလိုပဲတွေးခဲ့တယ်လို့ ပြောခံရလျှင်
ကိုယ်ကတော့ အတွေ့အကြုံရှိသူအနေနဲ့ အားပေးစကားပြောပေးတယ်လို့ ခံယူထားပင်မဲ့ အပြောခံရသူမှာတော့ ခေါင်းထဲမှာ ဒီစကားက ထပ်ခါတလဲလဲ ကြားနေရမှာအမှန်ပါ။ပြောသင့်မပြောသင့်ကို စဉ်းစားပါ။

Credit : Chelmo Team

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top