iMyanmarHouse.com - Best Property Website for Myanmar
×










လူငယ်ကြိုက် တေးသံရှင် တစ်ဦးဖြစ်သည့် လွှမ်းပိုင်က City FM  (၁၃) နှစ်ပြည့် နှစ်ပတ်လည်ပွဲတွင် လျှပ်စစ် တူရိယာမဲ့ဖြင့် သံစဉ်များ ဖန်တီးခဲ့ပြီး တေးသီချင်း သီဆိုခဲ့ကြောင်း ပြောသည်။

ဒီသီချင်းလေး ကတော့ City FM (၁၃) နှစ်ပြည်ပွဲမှာ ဆိုခဲ့တာပါ။ သီချင်း နာမည် ကတော့ နင်မတရားဘူး ဆိုတဲ့ သီချင်းပါ။ ကျွန်တော့်ရဲ့ အဲဒီသီချင်းက လျှပ်စစ် သံစဉ် တူရိယာမဲ့ သီချင်းလေးမျိုး ပေါ့နော်။ အဲ ဒီမှာ အသုံးပြု ထားတဲ့ ပစ္စည်းတွေ ကတော့ ကျွန်တော်အိမ်မှာ မရှိမဖြစ် သုံးတဲ့ ပစ္စည်းလေးတွေပါပဲ။ ပြောရမယ် ဆိုရင် ရေခွက်တွေ၊ ကတ်ကြေးတွေ၊ နောက်ပြီး လူတွေရဲ့ လက်ခုပ်သံတွေနဲ့ ပေါင်းပြီး လုပ်ရတာ။ အဲဒီ သီချင်းကိုတော့ ပရိသတ်တွေ ကြိုက်ကြ ပါတယ်။

ဒါပေမဲ့ ကျွန်တော့် ဘက်က လိုအပ်ချက်လေးတွေ ရှိမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် ဒီသီချင် ပုံစံလိုပဲ ဒီထက်ကောင်းအောင် ပြည့်စုံအောင် နောက်ထပ် လုပ်သွား ဖို့တော့ရှိ ပါတယ်။ ဒီအိုင်ဒီယာ ကိုတော့ ကျွန်တော် အင်္ဂလိပ်ကား တစ်ကား ကြည့်ရင်းနဲ့ အိုင်ဒီယာ ရခဲ့တာပါ ဟု လွှမ်းပိုင်က ပြောသည်။ အဆိုတော်လွှမ်းပိုင်သည် လာမည့် U-19 ဘောလုံးပွဲကို Let go အဖွဲ့နှင့် နယူးဇီလန် နိုင်ငံသို့ သွားရောက်ပြီး မြန်မာ ယူ-၁၉အသင်းကို သွားရောက် အားပေးမည် ဖြစ်ကြောင်း ပြောသည်။

Credit : Messenger
 
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top