iMyanmarHouse.com - Best Property Website for Myanmar
×














ဇန်န၀ါရီ ၂၂ရက်တွင် ကျရောက်သော မွေးနေ့တွင် ငါးလအရွယ် မြေးဖြစ်သူက ပထမဆုံးအနေဖြင့် ဘိုးဘိုးဟု ယူဆရသော အသံဖြင့် ခေါ်ဆိုခဲ့သည်ကို ကြုံခဲ့၍ (၅၁) နှစ်ပြည့်မွေးနေ့ရှင် ဇော်ဝင်းထွဋ်တစ်ယောက် အံ့သြ၀မ်းသာခဲ့ရသည်။

‘‘သူ(မြေးလေး)က ၀ူးဝါးဝူးဝါးအော်ရင်း ဘိုးဘိုးဆိုပြီး ထွက်လာတာ ယုံတောင်မယုံဘူး။ အဲ ဒီလိုခေါ်စေချင်တာသူပထမဆုံး ခေါ်တာက  ငါ့နာမည်ဖြစ်ရမယ်ဆိုပြီး စောင့်နေတာကြာပြီ။ ထပ်တော့ မခေါ်တော့ဘူး။ အဲဒီတစ်ခါပဲ သူ့အမေ(ချန်ချန်)ကလည်း သူ့ကိုခေါ်တယ်လို့ ပြောတယ်။ အဲဒါတော့ မကြားဘူးလို့ ကိုယ့် ကိုခေါ်တာကိုပဲကြားတယ်’’ ဟု ၎င်းကပြောသည်။

ဇော်ဝင်းထွဋ်၏သမီးဖြစ်သူ ချန်ချန်က မွေးဖွားသည့် သမီးငယ်လေးက ပေးသောမွေးနေ့လက်ဆောင်ဖြစ်သည်။
‘‘ဒီနှစ်မွေးနေ့က မြေးတစ် ယောက်လည်း ထပ်တိုးလာတော့ ပြည့်စုံသွားတာပေါ့။ အီတိုးရဲ့ကောင်ကတော့ စင်ကာပူရောက် နေတော့ မနေ့က ဖုန်းလှမ်းဆက်တယ်။ မနေ့က မွေးနေ့ကတော့ မြေးအငယ်လေးနဲ့ပဲ။ ပထမဆုံး မြေးနဲ့ ဆင်နွှဲတဲ့ မွေးနေ့ပွဲလေး ပေါ့’’ ဟု ဇော်ဝင်းထွဋ်ကပြောသည်။ 

ထို့အပြင် အမာခံပရိသတ်များကလည်း ကြိုတင်စီစဉ်မထားဘဲ မွေးနေ့လာရောက် ကျင်းပပေးခဲ့၍ အံ့သြခဲ့ရပြီး ပရိသတ်များက ၎င်းအတွက် သီချင်းတစ်ပုဒ်လက်ဆောင်ပေးခဲ့သောကြောင့် ပရိသတ်များ အတွက် သီချင်းသစ်တစ်ပုဒ် ပြန်လည်လက်ဆောင်ပေးသွားမည်ဟု ဇော်ဝင်းထွဋ်ကဆိုသည်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top