iMyanmarHouse.com - Best Property Website for Myanmar
×











အလုပ်အကြောင်းအရာ ကိစ္စ မရှိပဲ အပျော်သက်သက်ရှာရန် ညအပြင် ထွက်ခြင်း အလေ့အထဟာဗုဒ္ဓဘာသာ လူမျိုး တို့ ယဉ်ကျေးမှုတွင် မရှိပဲ တိုင်းတစ်ပါးမှ လာသော အလေ့အထ တစ်ခုသာ ဖြစ်ပါတယ်။ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်ပြီးသော တိုင်းပြည်များ တွင်တောင် ညအပြင် ထွက်လည် သူများအတွက် နေရာများများရှိသည့်တိုင် လုံခြုံမှု ထားသည့်တိုင် အက်ဆီးဒန့်များ၊ မှုခင်းများ ဖြစ်နေသေးပြီး မြန်မာပြည်ကဲ့သို့ ဖွံ့ဖြိုးစ တိုင်းပြည်တွင်၊ ဗုဒ္ဓဘာသာ တိုင်းပြည်တွင် မလိုအပ်ပဲ အချိန်မတော် (ည ၁၀ နာရီနောက်ပိုင်း၊ အမျိုးသမီးဖြစ်ပါက ၉ နာရီ နောက်ပိုင်း) အပြင်ထွက်ခြင်းက မိမိကိုယ်ကို တန်ဖိုးနည်းစေပါတယ်။ မိမိ၏ စီးပွားရေးရာ အရေးအကြောင်း ကိစ္စကောင်း မရှိပါက ညအချိန်မတော် အပြင် မထွက်သင့်ပါ။

ည အချိန်မတော် အပြင်ထွက်သူမှာ

၁) မိမိ အသက် အန္တရာယ် လုံခြုံမှု မရှိခြင်း

၂) အများ မကြည်ညို တန်ဖိုး မထားခြင်း

၃) မိမိကိုယ်တိုင်လည်း မကောင်းသည့် အရာကိစ္စ ပြုမူရန် ပို၍ စိတ်ဖြစ်ပေါ်စေခြင်း

၎) အိပ်ရေးပျက်၊ ကျန်းမာရေး ထိခိုက်ခြင်း

၅) ငွေကို စည်းကမ်းမဲ့ ဖြုန်းတီးတတ်စေခြင်း

၆) မကောင်းအမှုကို ပြုတတ်လာခြင်း

အစရှိသဖြင့်တို့ အပြင် အခြားသော မကောင်းသည့် အချက်များ ကိုပါ ရရှိခံစားရ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ညအချိန် အိပ်ရေးဝဝ အိပ်စက်ခြင်း၊ စာပေလေ့လာခြင်း၊ တရားဓမ္မ လေ့လာ ကျင့်ကြံခြင်း၊ မိသားစုဖြင့် တစ်ညတာ စကားဝိုင်းဖွဲ့ပြောဆိုနေထိုင်ခြင်းကသာ ပိုမို ပြုလုပ်သင့်သည့် ကိစ္စ၊ ဝိစ္စများ ဖြစ်ပါတယ်။ မိမိကိုယ်ကို လုံခြုံစေ၍ အသိ၊ သတိများဖြင့် ဆင်ခြင် နေထိုင်နိုင်ရန် ရည်ရွယ်၍ တိုက်တွန်း လိုက်ရပါတယ်။

 Credit :ရိုးရာလေး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top