iMyanmarHouse.com - Best Property Website for Myanmar
×

သင်လက်ရှိသုံးနေတဲ့ ခေါင်းလျှော်ရည်အမျိုးအစားက သင့်ကို လှည့်ဖျားနေပြီလား။ သင်သိထားရမှာက ခြောက်သွေ့တဲ့ဆံပင်သားအမျိုးအစားဆိုပြီး မရှိပါဘူး။ ဒါကို ဆံပင်သာပြန်လည်ကောင်းမွန်အောင် treatment တွေ ပေးလို့ရပါတယ်။ ကိုယ့်ဆံပင်သားကို ထိန်းသိမ်းသင့်တာ၊ ဂရုစိုက်ပေးသင့်တာတွေ ရှိနေပါတယ်။ ဒါပေမယ့် ဒီလို မထိန်းသိမ်းခင် ဆံပင်သား ခြောက်သွေ့၊ ကျိုးကြေရတာ ဘာ့ကြောင့်များလဲဆိုတာကိုတော့ အခြေခံ အားဖြင့် သိထားရမှာပါ။

၁။ရာသီဥတုအနေအထားကြောင့် ဆံပင်သား ခြောက်သွေ့ရခြင်း

အမိုးအကာမရှိတဲ့ နေပူပူမှာ ရေကူးတာမျိုးပေါ့။ နေပူတာက တစ်ခါ၊ ရေနဲ့ထိတွေ့လို့ ခြောက်သွေ့ရတာက တစ်ဖုံ၊ အယ်လ်ကိုဟောပါတဲ့ အမျိုးအစားထုတ်ကုန်တစ်ခုခု သုံးလိုက်ရင် ပိုတောင် ဆိုးပါသေးတယ်။ ဒါ့အပြင် အရမ်းအေးတဲ့အချိန်အခါမျိုးတွေမှာ ကိုယ်က အခန်းထဲ၊ အိမ်ထဲမှာ အပူချိန်ခပ်ပြင်းပြင်းလေးနဲ့ နေလိုက်မယ်။ ဒါဆိုရင်လည်း သင့်ဆံပင်ခြောက်သွေ့တတ်တာပါပဲ။

၂။ဆံပင်သားချောမွေ့ အောင် လုပ်တဲ့ treatment တွေကြောင့် ဆံသားကျိုးကြေရခြင်း

ဆံပင်သား ပိုမိုချောမွေ့အောင် အတင်းလုပ်ယူတဲ့အခါ သင့်ဆံပင်သားတွေဟာ ချောမွေ့ဖို့နေနေသာသာ ကြမ်းတမ်းသွားတာမျိုး ရှိပါတယ်။ ပုံမှန်လုပ်သင့်တာထက် ပိုလုပ်တဲ့အခါမျိုးတွေပေါ့။ ပုံမှန် treatment ယူတဲ့အခါ ဆံပင်သား ချောမွေ့သွားနိုင်ပေမယ့် လုပ်သင့်တာထက် အခါပေါင်းများစွာ ပိုလုပ်တာ၊ မကြာခဏလုပ်တဲ့အခါ ဆံပင်ပေါ်က ပရိုတင်းဓာတ်ကြောင့် သင့်ဆံပင်ဟာ ကျိးကြေလွယ်တာမျိုး ဖြစ်တတ်ပါတယ်။

၃။ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ဆံပင်သားခြောက်သွေ့ရခြင်း

တားဆေးတွေသောက်နေတဲ့အခါ၊ ကိုယ်ဝန်ဆောင်နေချိန် စတဲ့အချိန်တွေမှာ ခန္ဓာကိုယ်ထဲက ဟော်မုန်းအပြောင်းအလဲတွေကြောင့် သင့်ဆံပင်ကို ထိခိုက်မှုတွေဖြစ်စေပါတယ်။ ဆံပင်သားခြောက်တာ၊ ကျိုးကြေတာတွေဟာ ဒါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

၎။ဆံပင်သားနဲ့ အဆင်မပြေတဲ့ ရှန်ပူကို သုံးခြင်းကြောင့် ဆံပင်သားခြောက်သွေ့ရခြင်း

ခေါင်းလျှော်ရည်တစ်ထုပ်၊ တစ်ဗူးမှာ ပါဝင်ပစ္စည်းတွေက တစ်ခုနဲ့တစ်ခု မတူနိုင်ပါဘူး။ အမျိုးသား၊ အမျိုးသမီးဆိုပြီးတော့တောင် ခွဲခြားထားတာမျိုး ရှိသေးတာပဲလေ။ ဒီတော့ ကိုယ့်ဆံပင်သားနဲ့ ဘယ်လို ရှန်ပူကသင့်တော်မလဲဆိုတာ ရှာဖွေပါ။ ဖြစ်သလို လျှော်လိုက်တာမျိုး မလုပ်ပါနဲ့။

၅။စိုနေတဲ့ဆံပင်ကို ခေါင်းဖြီးခြင်းကြောင့် ဆံပင်သား ပျက်စီးရခြင်း

ဆံပင်သားတွေဟာ စိုနေတဲ့အခါ ပြတ်တောက်ဖို့ အလွယ်ကူဆုံးပါ။ ကျိုးကြေဖို့ဆိုတာလည် အလွယ်ကူဆုံးပါပဲ။ ဒီတော့ ဘရက်ရှ်နဲ့ ဆံပင်ကို ဖြီးမယ့်အစား ဘီးကျဲတွေနဲ့ အသာအယာ ဖြီးပေးပါ။ ရှုပ်သွားတဲ့နေရာတွေကိုလည်း အတင်းဖိဆွဲဖြီးတာမျိုး မလုပ်မိပါစေနဲ့။

၆။အပူချောင်းတွေနဲ့ ပုံသွင်းခြင်းကလည်း ဆံပင်သား ပျက်စီးရခြင်း

အပြင်ထွက်ခါနီးတိုင်း ဆံပင်ကို အပူချောင်းနဲ့ ကောက်တာ၊ ဖြောင့်တာတွေ လုပ်တာမျိုးကလည်း သင့်ဆံပင်သားကို ပျက်စီးစေတဲ့ အကြောင်းအရင်းပါပဲ။ အပူချောင်းနဲ့ ဆံသား မထိခင် ဆံပင်ကို ဘာအပူခံဆီမှ မလိမ်းပဲ ဒီအတိုင်း ဖြောင့်တာ၊ ကောက်တာတွေ မလုပ်မိပါစေနဲ့။ အပူချိန်ကိုလည်း ဒီဂရီနည်းနည်းနဲ့သာ သုံးဖို့ လိုပါတယ်။

Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top