iMyanmarHouse.com - Best Property Website for Myanmar
×











ခြင်ဆေးခွေ၊ ပိုးသတ်ဆေး၊ မှုတ်ဆေး၊ ဖျန်းဆေးစတဲ့ ဓါတုဗေဒဆေးများ၏ အနံ့ကြောင့် နှာခေါင်းကင်ဆာနှင့် အခြား ဘေးထွက်ဆိုးကျိုးများမှ
ကင်းဝေးရန် အောက်ပါသဘာဝဆေးနည်းဖြင့် ခြင်အန္တရာယ်ကို ကာကွယ်နိုင်ကြပါသည်။

လက်တွေ့သုံးကြည့်ပြီး ထိရောက်မှုရှိသူများကတော့
နှစ်သက်သဘောကျနေကြပါတယ်။ အခုဆိုရင် နိုင်ငံခြားသားများကလည်း သဘာဝဆေးနည်းများကို ပိုမိုသုံးစွဲလာနေကြပါပြီ။

ခြင်ပေးစေမည့် လေးညှင်းသံပုရာလုပ်နည်း

၁။ သံပုရာသီး ၁ လုံးကို ၄ ကွင်းရအောင် လှီးလိုက်ပါ။

၂။ သံပုရာသီး ၈ ကွင်း (၂ လုံးစာ) လှီးထားပြီးလျှင် အစေ့များကို ဖယ်ပစ်ပါ။

၃။ ပုံထဲမှာ ပြထားသည့်အတိုင်း လေးညှင်းပွင့်လေးများကို သံပုရာကွင်းပေါ်ကို စိုက်ထားပါ။ အတွင်းထဲကို ၀င်နေအောင် စိုက်ပေးပါ။

၎။ သံပုရာကွင်းများကို ဗန်းတစ်ခုပေါ်တင်ပြီး ခြင်ပေါသည့်နေရာမှာ ချထားပေးပါ။

၅။ တစ်နေရာတည်း မထားလိုပါက အကွင်းလိုက်ယူ၍ ခြင်ပေါသည့်နေရာများမှာ လိုက်ပြီး ချထားပါ။

သံပုရာသီးနှင့်- လေးညှင်း၏ စူးရှပြင်းထန်သည့် ဓါတ်ပြုအနံ့တစ်ခုကြောင့် ခြင်များ မခံနိုင်၍ ပြေးပါလိမ့်မည်။

သံပုရာသီး၏ အနံ့သည် အများဆုံး ၃ ရက်သာ ခံပါသည်။ သံပုရာသီးခြောက်သွားသည့်အခါ အရည်ပြန်ထွက်လာအောင် ဖိညှစ်ပေးပြီးပြန်ထားပေးနိုင်ပါသည်။ သို့မဟုတ် အသစ်တစ်ခု ပြန်လဲပေးနိုင်ပါသည်။

Credit : ကျန်းမာရေးသတင်းများ

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top