iMyanmarHouse.com - Best Property Website for Myanmar
×










ကိုယ့်ချစ်သူကောင်လေးကို ချစ်သူများနေ့မှာ ဘယ်လိုလက်ဆောင်လေးပေးရင် ကောင်းမလဲဆိုပြီး စဉ်းစားတဲ့အခါ မျက်စိထဲမှာ ပေါ်လာတာက ချောကလက်တွေ၊ အရုပ်တွေ၊ တီရှပ်တွေပေါ့။ ဒါပေမယ့် တစ်ခါတစ်လေ ကိုယ်ပေးလိုက်တဲ့ အရာတွေက မိန်းကလေးတွေအတွက် ချစ်စရာကောင်း၊ သဘောကျစရာကောင်းပေမယ့် ယောင်္ကျားလေးတွေအတွက်ကျတော့ လက်တွေ့မှာ ဘာမှမသုံးမ၀င်တာမျိုးတွေ မဖြစ်ရလေအောင် အကြံလေးတွေ ပေးချင်ပါတယ်။

၁။ပန်းစည်းပေးမယ့်အစား ပန်းမျိုးစေ့လေးတွေ၊ ပန်းပင်လေးတွေ လက်ဆောင်ပေးလိုက်ပါ။ ဒါကို သူကိုယ်တိုင် စိုက်ပျိုးတဲ့အခါ ပျော်ရွှင်မှုကို ခံစားရပါလိမ့်မယ်။ သူ့အတွက် လက်ဆောင်မွန်ပါပဲ။

၂။အရုပ်တွေပေးမယ်ဆိုရင်လည်း ယောင်္ကျားလေးတွေ နှစ်ခြိုက်တတ်တဲ့ အရုပ်မျိုးတွေ စဉ်းစားတတ်ပါစေ။ သူက ဂိမ်းကစားတယ်ဆိုရင် သူကစားတဲ့ ဂိမ်းထဲက အကောင်မျိုးတွေ၊ နောက် hero တွေ ရှာဖွေပြီး ပေးလိုက်ပါ။

၃။ချိုအီနေတဲ့ ရေမွှေးပေမယ့်အစား သူတို့အမျိုးသားသုံး ဘော်ဒီစပရေး၊ ဆပ်ပြာ စတာတွေ ပြောင်းလဲရွေးချယ်တတ်ပါစေ။

၎။ည၀တ်အကျိံအတွက် စဉ်းစားတာထက် အတွင်းခံဘောင်းဘီကောင်းကောင်း၊ နောက် အားကစားလုပ်တဲ့အခါ ၀တ်နိုင်တဲ့ pullover တို့၊ အိမ်နေရင်း ၀တ်ဆင်နိုင်တဲ့ဘောင်းဘီတွေကို သူတို့ပိုလိုချင်ကြပါလိမ့်မယ်။

၅။အမျိုးသားတွေအတွက် အသုံးဝင်တဲ့အရာတွေထဲမှာ မျက်မှန်၊ ဦးထုပ် နဲ့ နာရီကတော့ နံပါတ် (၁) နေရာမှာ ပါဝင်နေတာကြောင့် အခြား အဆင်တန်ဆာတွေထက် ပိုဦးစားပေးသင့်တဲ့ အရာတွေပါပဲ။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top