iMyanmarHouse.com - Best Property Website for Myanmar
×










ကိုယ်နေ့စဉ်နေ့တိုင်း သုံးစွဲနေတဲ့ အလှကုန်ပစ္စည်းတွေမှာ ဘက်တီးရီးယားပိုးတွေ ကပ်ငြိနေတတ်ပါတယ်။ ဒါကို အထူးသတိထားပြီး သန့်ရှင်းရေး လုပ်သင့်တာကိုလုပ်၊ လဲသုံးသင့်နေပြီဖြစ်တဲ့ အလှကုန်တွေကို အသစ်ဝယ် စသဖြင့် ဂရုတစိုက်ကို သုံးစွဲသင့်တာပါ။ အဲ့ဒါကိုမှ တစ်ခြားလူရဲ့ အလှကုန်ကို ယူသုံးလိုက်မယ်။ ကိုယ့်ဟာကို ပေးသုံးလိုက်မယ်ဆိုရင်တော့ သူ့ဘက်တီးရီးယားတွေ ကိုယ့်ဆီကူး၊ ကိုယ့်မှာရှိရင်လည်း သူ့ဆီရောက်နဲ့ မျက်နှာမှာ ၀က်ခြံပြသနာ၊ အသားအရေပြသနာတွေ ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။ ဒီတော့ တစ်ဦးနဲ့တစ်ဦး ဘယ်တော့မှ လဲမသုံးသင့်တဲ့ အလှကုန်တွေကို ပြောပြပေးချင်ပါတယ်။

၁။မျက်လုံးနားတစ်ဝိုက်လိမ်းပေးရတဲ့ မိတ်ကပ် (eye makeup)

မျက်လုံးဆိုတာ ဘက်တီးရီးယားတွေ ၀င်လို့အကောင်းဆုံးနဲ့ အလွယ်ကူးဆုံးမို့ သူတစ်ပါးရဲ့ eye makeup ကိုယူမသုံးဖို့ အကြံပေးချင်ပါတယ်။ မျက်လုံးနားတစ်ဝိုက်က အသားအရေဟာ ပါးပြီးနူးညံ့လွန်းတဲ့အပြင် အခြားနေရာက အရေပြားတွေလို ဘက်တီးရီးယားကို ကာကွယ်မှု မပေးနိုင်တာကြောင့်ပါ။

၂။ဘရိတ်ဓား (သို့) ဂျုတ်

သွေးကတဆင့် ကူးစက်တတ်တဲ့ HIV ရောဂါပိုးတွေဟာ တကယ်ကို ကြောက်စရာပါ။ ဒီတော့ ဘယ်လောက်ပဲ ကိုယ့်သူငယ်ချင်းနဲ့ ခင်ခင် ဘရိတ်ဓားတွေ၊ ဂျုတ်လိုမျိုး အရာတွေကိုတော့ မျှဝေမသုံးသင့်ပါဘူး။

၃။မိတ်ကပ်ဘရက်ရှပ်များ

အရေပြားနဲ့ ပတ်သက်တဲ့ ပြသနာတွေ၊ အထူးသဖြင့် Allergic ဖြစ်တတ်တဲ့သူတွေဟာ ခုလို အလှကုန်တွေကို ဝေမျှသုံးစွဲဖို့ လုံးဝမတွေးသင့်တာပါ။ ပါးနီလေးဆိုးမှာမို့ ဘရက်ရှ်လေး ခဏလောက်လို့ လာငှားရင်လည်း အားနာနာနဲ့ပဲ ငြင်းလိုက်ပါ။ ကိုယ်လည်း ဖြစ်နိုင်ရင် သူများဆီက မငှားပါနဲ့။ သူ့ဆီက ဘက်တီးရီးယားတွေ ကိုယ့်ဆီရောက်လာနိုင်တယ်ဆိုတာ သတိရပါ။

၎။နှုတ်ခမ်းနီ

တစ်ခါတစ်လေ လူတစ်ယောက်ရဲ့ နှုတ်ခမ်းမှာ အနာဖြစ်နေတာ၊ အပူနာဖြစ်နေတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီတော့ infection ၀င်တာမျိုးတွေ ဖြစ်တတ်တာမို့ တတ်နိုင်ရင် သူများကို ကိုယ့်နှုတ်ခမ်းနီ ပေးမဆိုတာ အကောင်းဆုံးပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top