iMyanmarHouse.com - Best Property Website for Myanmar
×










ကျွန်မတို့ လက်ရှိယဉ်ကျေးမှုမှာတော့ လူသိများကြတဲ့ လောကကျင့်ဝတ်လေးတွေဟာ မှေးမှိန်ပျောက်ကွယ်နေပါပြီ။ လူတစ်ဖက်သားအပေါ် လေးစားမှုထားခြင်း နည်းပါးလာကြပြီး လွတ်လွတ်လပ်လပ်နေတတ်ပြီး ကိုယ့်ကိုယ်ကိုသာ ကိုးကွယ်တဲ့ ပုံစံမျိုးလေးက ပေါများလာပါတယ်။ ကျွန်မတို့ဟာ ယဉ်ကျေးပြီး ချစ်ခင်တတ်တဲ့ လူသားတွေဆိုတာပြသတဲ့ ယဉ်ကျးမှုလေးတွေ ပပျောက်သွားစရာ အကြောင်းမရှိပါဘူး။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ကောင်းတဲ့အပြုအမူလေး တတ်နိုင်သလောက် ပြသပေးကြပါ။ ဒီလိုထိန်းသိမ်းသင့်တဲ့ ကျင့်ဝတ်လေးတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။      ‘ ကျေးဇူးပြုပြီး’ ဆိုတဲ့ စကားလေးနဲ့ ‘ ကျေးဇူးတင်ပါတယ်’ ဆိုတဲ့ စကားလေးကို သုံးပါ။

ကျွန်မတို့တွေက ဒီကျေးဇူးစကားလေးတွေကို ပြောဖို့ လျစ်လျူရှုမိကြပါတယ်။ အထူးသဖြင့် စားသောက်ဆိုင်တစ်ဆိုင်မှာ ဝန်ဆောင်မှုပေးခံရတဲ့အခါမျိုးနဲ့ ဈေးဝယ်ထွက်ရင်း အကူအညီရတဲ့ အခါမျိုးမှာပေါ့။ ဒါမျိုတွေက ငယ်ရွယ်သူတွေမှာ ပိုပြီးသိသာနေတဲ့အချက်က ကြေကွဲစရာကောင်းလှပါတယ်။ ကျေးဇူးဆိုတဲ့ စကားလေးက နှစ်သက်မြတ်နိုးမှုနဲ့ ဝမ်းမြောက်ခြင်းကို ပြသဖို့ အကောင်းဆုံး ကျင့်ဝတ်လေးတစ်ခုပါပဲ။

၂။       ပါးစပ်ပိတ်ပြီး အစာကိုဝါးပါ။

ကြားရတာတော့ တစ်မျိုးကြီးပဲလို့ ထင်ချင်ထင်နေလိမ့်မယ်။ ဒါပေမယ့် ပါးစပ်ထဲမှာ ဝါးနေတဲ့အစာတွေကို ဘယ်သူမှ မြင်ချင်မှာမဟုတ်ဘူးလေ။  စားရင်းနဲ့စကားပြောတာမျိုးပေါ့။ ပလုတ်ပလောင်းမစားဘဲနဲ့ နည်းနည်းလေးစားပြီး ပါးစပ်ပိတ်ဝါးပါ။ စကားမပြောခင် ပါးစပ်ထဲမှာ အစာမရှိအောင် အရင်လုပ်ပါ။ လူတိုင်းက ဒီအမူအကျင့်လေးကို နှစ်သက်ပါတယ်။ ကိုယ်လည်း ကိုယ့်ကိုယ်ကို ရုတ်တရက် ရှက်စရာကောင်းတဲ့ အပြုအမူမျိုးပြုလုပ်တာကို နှစ်သက်မှာ မဟုတ်ဘူးလေ။

၃။       တစ်ဖက်လူကို နှောက်ယှက်ခြင်း ရှောင်ကြဉ်ပါ။

တစ်ယောက်ယောက်က စကားပြောနေတဲ့အခါ ကိုယ်ကအတွေးတစ်ခုပေါက်လာလို့ ကြားဝင်ပြောလိုက်တာမျိုးကို ရှောင်ပါ။ ကျွန်မတို့ရဲ့ တူညီတဲ့ဇာတ်လမ်းတွေ အတွေ့အကြုံတွေကို အချင်းချင်းပြောဆိုကြတာ လူတွေရဲ့သဘာဝပါ။ ဒါပေမယ့် သူပြောနေတာကို ဖြတ်ပြောမယ့်အစား ကိုယ့်အလှည့်ရောက်အောင်စောင့်ပြီး ပြောပါ။

၎။       တစ်ဖက်လူပြောတာကို သေချာလေးနားထောင်ပေးပါ။

ကိုယ်ပြောနေတာကို နားထောင်ခြင်းမရှိတဲ့ စကားပြောဝိုင်းမျိုး ကြုံဖူးပါသလား။ ကိုယ်ပြောနေတာကို နားထောင်မထောင်ဆိုတာ သိသာပါတယ်။ ကိုယ့်မျက်လုံးကိုမကြည့်ဘူး၊ ကြည့်ချင်တာကြည့်နေတယ်၊ မျက်နှာပေါ်မှာ ဘာအရိပ်အယောင်မှ မပြဘူး။ ဒီအပြုအမူမျိုးက အလွန်ရိုင်းစိုင်းပါတယ်။ ကိုယ်ပြောနေတာက နားထောင်နေသူတွေအတွက် တန်ဖိုးမရှိ အချိန်ဖြုန်းနေသလို ဖြစ်ပါတယ်။ ဒီလိုမျိုးလုပ်မယ့်အစား စကားပြောသူ မျက်လုံးတွေကို ကြည့်ပြီး ကိုယ်နားထောင်နေပါတယ် ဆိုတဲ့ အရိပ်အယောင်ပြပါ။

၅။       သူစိမ်းတွေကို ပြုံးပြပါ။

ကိုယ်က နှုတ်ဆက်တာကို တစ်ဖက်လူက ပြုံးလည်းမပြ ဘာမှလည်း မတုန့်ပြန်ရင် မယဉ်ကျေးဘူးလို့ ထင်တယ်မဟုတ်လား။ ဒါကြောင့် တစ်စိမ်းတစ်ယောက်က ကိုယ့်ကို ပြုံးပြနှုတ်ဆက်ခဲ့ရင် ပြန်ပြုံးပြပါ။ သူတို့ ဘဝမှာဘယ်လိုအချိန်မျိုးနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို ရုပ်ကြည့်ခြင်းအားဖြင့်မသိနိုင်ဘူးလေ။ ဒါပေမယ့် ကိုယ်ပေးလိုက်တဲ့ အပြုံးလေးကြောင့် သူတို့အခက်အခဲကြားနဲ့စိတ်ပူပင်မှုတွေကြားမှာ  စိတ်ကြည်နူးသွားတာမျိုးလည်းဖြစ်နိုင်တယ် မဟုတ်လား။ အပြုံးလေးတစ်ပွင့်က အများကြီးတန်ဖိုးရှိသွားနိုင်ပါတယ်လေ။

၆။       လူတွေကို ချစ်ခင်မြတ်နိုးခြင်းဖြင့် နှုတ်ဆက်ပါ။

ကိုယ်ချစ်ရတဲ့ မိသားစု၊ ဒါမှမဟုတ် သူငယ်ချင်းကို နှုတ်ဆက်ရင် အားရပါးရဖက်ပါ၊ ပြုံးပါ၊ ကိုယ့်မေတ္တာကို ပြပါ။ ဘဝဆိုတာ အလွန်တိုတောင်းပါတယ်။ ဒါကြောင့် ကိုယ့်ကိုဂရုစိုက်တဲ့လူတွေအတွက် ကိုယ့်အချစ်တွေ ပြသဖို့က အလွန်ကို အရေးကြီးပါတယ်။

၇။       သဘောထားကြီးစွာ ပေးကမ်းပါ။

ငွေကြေးပမာဏကို ကြည့်မယ့်အစား ပေးပုံပေးနည်းကိုကြည့်ပါ။ ကိုယ့်အတွက်ကော်ဖီကောင်းကောင်း ဖျော်ပေးတဲ့လူကို စိတ်ကျေနပ်ရင် မုန့်ဖိုးသေချာပေးပါ။ ကိုယ့်စိတ်နှလုံးထဲကပါပြီး အလှူအတန်းလုပ်ပါ။ လိုအပ်နေတဲ့လူတွေအတွက် ကိုယ့်အချိန်နဲ့စွမ်းအင်တွေ ပေးကမ်းတာက ကောင်းတဲ့ အပြုအမူပါ။ အမြဲပေးကမ်းဖို့ကြိုဆိုတဲ့နည်းနဲ့ ကိုယ်တစ်ယောက်ယောက်ကို ဂရုစိုက်ပါတယ်ဆိုတာ ပြသတာထက် ပိုကောင်းတဲ့နည်းမရှိပါဘူး။

လောကကျင့်ဝတ်တွေဆိုတာ နေ့စဉ်ကျင့်သုံးလာရင် မခက်ခဲတော့ပါဘူး။ ဒီလိုလူမှုရေးတွေလုပ်ပေးခြင်းဖြင့် ကိုယ်တိုင်လည်း ခံစားရတာပိုပြီး ကောင်းလာပါတယ်။

Credit : Gandawin

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top