iMyanmarHouse.com - Best Property Website for Myanmar
×









မနက်စောစော ရေနွေးကြမ်းသောက်ခြင်းက စိတ်ကိုနိုး ကြားစေပါတယ်။ ဦးနှောက်ဥာဏ်ကွန့်မြူးစေပြီး စိတ်အားထန်သန်မှုလည်း ဖြစ်စေပါတယ်။ နေ့လည်မွန်းတည့်ချိန် ရေနွေးကြမ်းသောက်ရင်တော့ စိတ်လက်ပေါ့ပါးမှု၊ အားသစ်ရစေပြီး ခန္ဓာကိုယ် သန့်ရှင်းစေတဲ့အပြင် အစာချေဖျက်မှုကို အထောက်အပံ့ဖြစ်စေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ရေပမာဏ ပြန်လည်ရရှိစေတယ်။ ရေနွေးကြမ်းကို ညအချိန်သောက်ပါက တစ်နေကုန်ပင်ပန်းခဲ့သမျှ ပြေပျောက်စေပါတယ်။ အိမ်မပျော်ခင်ဆိုရင် တည်ငြိမ်မှုရစေတယ်။ စိတ်ငြိမ်မှုနဲ့ စိတ်ပျော်ရွှင်မှုရှိစေပြီး အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ်။

ဆောင်းရာသီမှာ ရေနွေးကြမ်းက အပန်းဖြေစေပါတယ်။ စိတ်အား ထက်သန်စေတယ်။ နွေရာသီရေနွေးကြမ်း သောက်ခြင်းကတော့ လန်းဆန်းမှုဖြစ်စေတယ်။ ချွေးထွက်နည်းစေပြီး ခန္ဓာကိုယ်ကို ရေပမာဏ၊ ဗီတာမင်တွေ ထောက်ပံ့ပေးတဲ့အပြင် အဆိပ်အတောက်တွေကိုလည်း ရှင်းထုတ်ပေးပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top