iMyanmarHouse.com - Best Property Website for Myanmar
×










ကိုယ်နဲ့မဆိုင်သလို ထင်ခဲ့ပင်မယ့် နေ့စဉ်သွားလာလှုပ်ရှားရင်း မျက်ဝန်းမှာ အရေးအကြောင်းလေးတွေ၊ အမဲစက်လေးတွေ တွေ့လာရတယ်။

မျက်ဝန်းဆိုတာ အခြားသောနေရာတွေထက်ကိုပိုပြီး အရေပြားက ပါးလွှာတဲ့အတွက် ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။

နေ့စဉ် မျက်နှာသစ်တဲ့အခါတွင် မျက်ဝန်းလေးအတွက် မလုပ်သင့်သော အချက်လေးတွေကို ရှင်းပြမယ်နော်။

၀၁. မိတ်ကပ်လိမ်းတဲ့အခါ နှင့် မျက်နှာသစ်တဲ့အခါ အလျင်စလို ကြမ်းကြမ်းတမ်းတမ်း မလုပ်သင့်ပါ။

မိတ်ကပ်လိမ်းတဲ့အခါ မျက်နှာအပေါ်မှာ ကြမ်းကြမ်းတမ်းတမ်းဖိပြီး လိမ်းတာမျိုး မဖြစ်သင့်ပါ။ မိတ်ကပ်ကို မျက်နှာပေါ်မှာတင်အောင်သာ ဖြည်းဖြည်းသာလိမ်းစေချင်ပါတယ်။မိတ်ကပ်ကိုဖျက်တဲ့အခါလည်း မျက်နှာကို ကုပ်ဖဲ့မမိအောင်သတိထားပြီး မျက်နှာသစ်ရန်လိုအပ်ပါတယ်။

Mask Color လိမ်းထားရင်တော့ ဂွမ်းနှင့်ဂွမ်းချောင်းလေးကို Remover နဲ့တွဲသုံးသင့်ပါတယ်။ပထမဆုံးအနေနဲ့ မျက်လုံးလေးကို ပိတ်ထားပြီး မျက်တောင်အောက်တွင် Remover ဖြင့်တို့ထားပြီးသော ဂွမ်းလေးဖြင့် ခံထားလိုက်ပါ။မျက်တော်အပေါ်တွင် ဂွမ်းချောင်းလေးကို တင်ပြီး မျက်တောင်အရင်းကနေ မျက်တောင်အဖျားလေးထံအောင် ဖြည်းဖြည်းလေး ညှပ်ပြီး Mask Color ကိုဖျက်ပါ။

ပြီးလျှင် မျက်နှာသစ်တဲ့အခါမှာလည်း မျက်ဝန်းပတ်ဝန်းကျင်ကို လက်ဖြင့်ဖိပြီး စက်ဝိုင်းပုံချဲ့ပြီး ဆေးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ Masl Color မှာပါဝင်သော ဓါတုပစ္စည်းတွေက မျက်ဝန်းပတ်ဝန်းကျင်မှာ စုသွားနိုင်တဲ့အပြင် အရေပြားမွဲခြောက်စေတဲ့အပြင်၊ အမဲစက်လေးတွေလည်း ထွက်လာနိုင်ပါတယ်။

၀၂. မျက်ဝန်းအတွက် သီးသန့် Skin Care ကိုသုံးသင့်ပါတယ်။

မျက်ဝန်းမှာရှိတဲ့ အရေပြားဟာ ပါးတွင်ရှိသောအရေပြားထက် သုံးပုံတစ်ပုံသာရှိပါတယ်။ ဒါကြောင့် မျက်ဝန်းအတွက် သီးသန့်ထုတ်လုပ်ထားသော Eye Cream များကို သုံးသင့်ပါတယ်။

၀၃. Cream လိမ်းသောအခါ လက်သန်းကြွယ်ဖြင့် လိမ်းပါ။

မျက်ဝန်းအတွက် Cream လိမ်းသောအခါမှာ ပုံမှန်အားဖြင့် လက်ညိုးကိုသုံးလေ့ရှိပါတယ်။ လက်ညိုးကိုသုံးတဲ့အခါ အားပါတဲ့အတွက် လက်ချောင်းလေးများတွင် အားအနည်းဆုံးသော လက်သန်းကြွယ်ကို
သုံးသင့်ပါတယ်။ Cream ကို မျက်ရစ်အောက် မျက်စိထောင့်မှစ၍ မျက်စိထိပ်အထိ လက်သန်းကြွယ်ဖြင့် ဖြည်းဖြည်း လိမ်းသွားပြီး မျက်စိထိပ်သို့ရောက်လျှင် မျက်တောင်ပေါ်အထိကို ဆက်လိမ်းပါ။
ဒီစာလေးကို ဖတ်ပြီးသွားရင်တော့ လက်ညိုးကို မသုံးဖြစ်အောင် ကြိုးစားစေချင်ပါတယ်။

၀၄. မျက်ခွံလေးအတွက် လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

မျက်ဝန်းတွင်လည်း ကြွက်သားများရှိသောကြောင့် လေ့ကျင့်ခန်းလုပ်ပေးခြင်းအားဖြင့် မျက်ဝန်းအလှကို ပြုပြင်ထိန်းသိမ်းနိုင်ပါတယ်။လေ့ကျင့်ခန်းလေးကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် လှပလန်းဆန်းသောမျက်စိလေးကို အမြဲတမ်း
ပိုင်ဆိုင်နိုင်မှာပါ။ လေ့ကျင့်ခန်းလေးက ၁၅ စက္ကန့်သာကြာမှာပါ။ အသေးစိတ်ကိုတော့ အောက်မှာ ဖတ်ကြည့်လိုက်ပါနော်။

၀၁. မျက်လုံးကို ဖွင့်နိုင်သလောက် အကျယ်ဆုံး ၅ စက္ကန့် ဖွင့်ထားပါ။

၀၂. မျက်လုံးကို ပိတ်ထား၍ နှဖူးပါရှုံ့သည့်ပုံစံဖြင့် မျက်ခွံတွင် အားထည့်ပြီး ၅ စက္ကန့်ပိတ်ထားပါ။

၀၃. မျက်လုံးကို စဉ်းထားပြီး ၅ စက္ကန့်နေပါ။

အပေါ်တွင် ဖော်ပြထားသော လေ့ကျင့်ခန်းလေးကို ပုံမှန်သာလုပ်ခြင်းအားဖြင့် မျက်ဝန်းလေးက နုပျိုလန်းဆန်းလာမှာပါ။

Credit : beauty.yahoo

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top