iMyanmarHouse.com - Best Property Website for Myanmar
×











နေရောင်ခြည်အောက်တွင် အလုပ်လုပ်နေရသူများ၊ ခရီးသွားခြင်း၊ ကမ်းခြေအပန်းဖြေ ခရီးသွားခြင်း၊ အကာအကွယ်မဲ့ နေရောင်ခြည် အောက်သို့ ထွက်သောသူများသည် အသားအရေ ညိုမည်းခြင်းများ ဖြစ်ပေါ်စေတတ်ပါသည်။

နေပူထဲထွက်ခြင်းကြောင့် ဖြစ်ပေါ်တတ်သည့် အသားအရေ ညိုမည်းခြင်းများကို သဘာဝ နည်းများဖြင့် ပင်ကိုအသားအရေ ပြန်လည်ရရှိအောင် လုပ်ဆောင်နိုင်ကြောင်း ယခုလိုဖော်ပြပေးလိုက်ပါသည်။

အာလူး

အာလူးကအရောင် ပြယ်စေသည့် အာနိသင်ရှိသဖြင့် နေရောင်ခြည်ကြောင့် အရေပြားပေါ်တွင် ဖြစ်တတ်သော အညို အမည်းကွက်များကို ဖယ်ရှားပေးနိုင်ပါသည်။ အာလူးကို အခွံနွာပြီး ကြိတ်ချေကာ နှင်းဆီပွင့် ဖတ်ရည်ဖြင့် ရောပါ။ အသားခြောက်သွေ့သူဖြစ်ပါက ပျားရည် အနည်းငယ် ရောထည့်၍ မျက်နှာအနှံ့လိမ်းပြီး မျက်နှာသစ်ပါ။

သခွားသီးအရည်

သခွားသီး အရည်သည် အသားအရေကို ကြည်လင် တောက်ပစေပြီး အေးမြမှုကို ရရှိစေပါသည်။ သခွားသီး အရည်ကို နှင်းဆီပွင့်ဖတ်ရည်၊ သံပရိုသီး အရည်များနှင့် အတူ နေရောင်ခြည်ကြောင့် ထိခိုက် ပျက်စီးသွားသည့် အရေပြားပေါ်တွင် လိမ်း၍ ၁၅ မိနစ်ခန့်ထားပြီးမှ ရေဆေး သန့်စင်ပေးခြင်းဖြင့် အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး အသားအရေကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်း ပေးနိုင်ရုံသာမက သခွားသီးကို ပါးပါးလှီးပြီး မျက်နှာပေါ်တွင် ကပ်ပေးခြင်းဖြင့်လည်း အစိုဓာတ်ကို ထိန်းသိမ်း ပေးနိုင်ပါ သည်။

သံပရိုသီး

သံပရိုသီး အရည်ကို အသုံးပြုပြီး မျက်နှာနှင့် ခန္ဓာကိုယ်၌ရှိသော နေရောင်ခြည်ကြောင့် ဖြစ်ပွားသည့် အညိုအမည်းများကို ဖယ်ရှားနိုင်ပါသည်။ သံပရိုသီးအရည်ကို အညိုအမည်းရှိရာ အရေပြားပေါ်သို့ တိုက်ရိုက် လိမ်းနိုင်သလို ပျားရည်နှင့် ရောပြီးလည်း လိမ်းပေးနိုင်ပါသည်။ လိမ်းပေးပြီး ၁၅ မိနစ်ထားပြီးမှ မျက်နှာသစ်ပါ။

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်သည် အသားအရေကို အေးမြစေပြီး နူးညံ့မှုကို ရရှိစေသည့်အပြင် အရေပြားပေါ်မှ နေလောင် ကွက်များကိုလည်း ဖယ်ရှားပေးနိုင်ပါသည်။ ရှားစောင်း

လက်ပပ်အတွင်းသား ဂျယ်လီကို နနွင်း အနည်းငယ်ရောပြီး နှင်းဆီပွင့်ဖတ်ရည် ထည့်ပေါင်းကာ
 မျက်နှာနှင့် လည်ပင်း တစ်ဝိုက်တွင် ၁၅ မိနစ်ခန့် ပွတ်လိမ်းထားပြီးမှ မျက်နှာသန့်စင်ပါ။

Credit : မြ၀တီ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top